Arc.6.18
3.1K 558 63
" ရန်ယွီ! ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးပါလား ?? " ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည့် စုယန်ချုးက နှစ်လိုဖွယ်အပြုံးလေးဖြင့် လှေကားပေါ်မှ ဆင်းလာရင်း အသံကျယ်ကျယ် ပြောလိုက်ရာ မနက်ခင်းသည် အသက်ဝင်သွားသယောင်။ သို့သော် ထမင်းစားခန်းသို့ ရောက်ချိန်တွင် သူ့အပြုံးက တောင့်တင်းသွားသည် ။ ဒီရက်အတောအတွင်း သူသည် ဘာမှမဖြစ်ဟု မည်သို့ပင် အားတင်းထားစေကာမှု သူ့ရှေ့က လူနှစ်ယောက်သည် သူ့နှလုံးသားအား တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေခဲ့သည် ။
သူ ဝိုင်မှုးပြီး မှားဝင်ခဲ့စဉ်က တစ်ခန်းလုံး ခန်းစည်းကအစ ပြန်လဲခဲ့သည့် လူက ရွမ်းရီနဲ့အတူ တစ်ခန်းတည်း အသုံးပြုခဲ့သည် ။
သူ့‌အား မဲ့ပြုံးပြုံးကာ အထင်တသေးကြည့်တတ်သည့်သူက ရွမ်းရီအား မျက်စိအောက်က အပျောက်မခံနိုင်သည့်အလား မြတ်နိုးလွန်းသည့် ရတနာသဖွယ် ကြည့်တတ်သည် ။
ယခင်က တိတ်ဆိတ်မှုများနဲ့ ကြီးစိုးနေလေ့ရှိသည့် ခြံဝင်းသည် ရွမ်းရီရောက်လာပြီးကတည်းက စီရန်ယွီ၏ စနောက်သံများဖြင့် အသက်ဝင်လျက်ရှိသည် ။
ရွမ်းရီ အလုပ်သွားချိန်တွင် သူကလည်း ကျောင်းသွားရသဖြင့် စီရန်ယွီအား စကားပြောဖို့ အခွင့်အရေးမှာ ရွှေထက်ပင် ရှားလေသည် ။
" ရီ! .. ကိုယ့်ဆီက စိတ်စွမ်းအင် ရချင်စိတ်ရှိသေးလား .. " စီရန်ယွီက စပ်ဖြဲဖြဲပြုံးလျက် စားပွဲပေါ်တွင် မှေးထောက်လိုက်ကာ မေးလိုက်သည် ။ ရွမ်းရီက ထိုမျက်နှာချောချောအား ကော်ဖီနဲ့ ပက်ပစ်လိုက်ချင်စိတ်ကို ထိန်းလိုက်ကာ အပြုံးမမည်သည့် အပြုံးတစ်ခုကို ပြန်ပေးရင်း အေးစက်စွာ တုံးတိတိပြန်ပြောလိုက်သည် ။ " မရချင်ဘူး !! " ရချင်ရင်တောင် အဲ့လိုနည်းလမ်းမျိုးနဲ့ မရချင်တော့ဘူး .. ဟု သူက စိတ်ထဲက မသက်မသာ ရေရွတ်လိုက်သည် ။ သူက စီရန်ယွီအား မျက်နှာရှုံ့မဲ့ ပြလိုက်ပြီး ထထွက်ရန်သာပြင်လိုက်တော့သည် ။
စီရန်ယွီက လက်ကို လှမ်းဆွဲလိုက်ကာ သူ့ပေါင်ပေါ်သို့ ဆွဲချလိုက်သည် ။ သူက ရွမ်းရီ၏ ခါးလေးကို ခပ်တင်းတင်းဖက်ရင်း အလွန်ကြောက်နေသည်ဆိုသည့် ပုံစံလုပ်ကာ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်လိုက်သည် ။ " မဖြစ်ဘူး! မဖြစ်ဘူး! ကိုယ်အသတ်မခံရဖို့ ပေးမြှဖစ်မယ်.. မဟုတ်ရင် ရီ က ကိုယ်ကို သတ်မှာ‌ပေါ့.."