Arc.7.1
4.7K 531 32
ပတ်ဝန်းကျင်တွင် ကြယ်စုကြယ်ဝေးများနဲ့ ပြည့်နှက်နေကာ ပဟေဠိဆန်သည့် အာကာသအား ပုံပေါ်နေခဲ့သည် ။ ကျယ်ပြန့်သည့် ကလက်စီ ( Galaxy ) ကြီးနဲ့ ယှဉ်လျှင် သူဟာ အလွန်သေးငယ်သည့် ပုံရိပ်လေးတစ်ခုသာ ။
/ သခင်.. space နဲ့ ချိတ်ဆက်ပြီးပါပြီ ! / ရှောင်ထျန်း၏ အသံကြောင့် သတိဝင်လာသည့် ပုံရိပ်သည် မျက်လုံးဝန်းများကို ဖြေးညင်းစွာ ဖွင့်လာခဲ့သည် ။ သူ့မျက်ဝန်းများက ကြယ်များနဲ့ အပြိုင် လင်းလက်နေခဲ့သည် ။
စခရင် တစ်ခုအားခေါ်ထုတ်လိုက်ကာ သူ့လက်ချောင်းများကို အချိန်အတော်ကြာ အလုပ်ပေးလိုက်ရတော့သည် ။ လက်ချောင်းများ လှုပ်ရှားနေသည်နဲ့ အပြိုင် ဂလက်စီမှ ကြယ်တံခွန်များ သည် ရွေ့ပြောင်းနေရာ မြင်ကွင်းသည် ကြည့်မဝနိုင်အောင် မှင်သက်ဖွယ်ကောင်းလှသည် ။
အချိန်မည်မျှကြာသွားသည် မသိသော်လည်း သူထရပ်လိုက်သည့် အချိန်တွင် လက်ချောင်းများ ထုံကျင်နေပြီ ဖြစ်သည် ။ လက်ချောင်းများကို ယှက်ကာ အသာချိုးလိုက်ပြီး အကြော့ဆန့်လိုက်သည် ။ လည်ပင်းကို တစ်ချက်စောင်းလိုက်ပြီး ပြုံးလိုက်သည် ။ " ကဲ.. အလုပ်စလိုက်ရတော့မလား .."
"" သွားစို့ ! ""
/ ကောင်းပါပြီ! သခင်! ကူးပြောင်းခင် စတင်ပါပြီ../
****
သူက သူ့၏ ခြေလက်များကို ခံစားမိချိန်မှာဘဲ ရလိုက်သည့် အန္တရယ်အငွေ့အသက်ကြောင့် အနောက်သို့ ခုန်ရှောင်လိုက်သည် ။ သို့တိုင်အောင် ထိုအငွေ့အသက်က ပျောက်မသွားသေးပေ ။
မျက်လုံးဖွင့်ဖွင့်ချင်း သူမြင်လိုက်ရသည်က သူ့ဘေးပတ်လည်တွင် ဝန်းရံနေသည့် ကြီးမားသည့်အနက်ရောင် ပင့်ကူများပင် ။ အနောက်သို့ အလျင်အမြန်လှည့်ကြည့်လိုက်ချိန်တွင် ချည်မျှင်များ ထွေးထုတ်ရန် ပြင်နေပုံရသည့် အနက်ရောင်ပင့်ကူကြီးကို မြင်လိုက်ရသည် ။ ထိုချည်မျှင်က သူ့အပေါ်သို့ ရည်ရွယ်နေဟန်ရကာ ကျောရိုးထဲ စိမ့်သွားလေသည် ။ ထိုနေရာသို့ တည့်တည့်ကျသွားလျှင် သူက အသက်ရှင်ဖို့ နည်းလမ်းမရှိဟူသော ခံစားချက်မျိုးကို ရရှိလေသည် ။