Arc.7.8
2.9K 499 61
Liam သည် လဲကျနေသည့် လူနှစ်ယောက်အား စောင်းငဲ့ကြည့်‌လိုက်ပြီး ခရော့စ်ထံသို့ အကြည့်လွဲလိုက်သည် ။ ခရော့စ် သည် ဟီရုန် နဲ့ ရိုင်ယန် အား စနောက်ရန် စိတ်မဝင်စားတော့သည့် အမှုအရာဖြင့် ခါးကို ပြန်ဆန့်လိုက်သည် ။
" ဗိုလ်ခရော့စ်ပါလား .." Liam ၏ အနောက်မှ ခေါင်းလေး ပြူထွက်လာကာ လော့က ခရော့စ် အား နူတ်ဆက်လိုက်သည် ။ ခရော့စ် က အသိအမှတ်ပြုဟန် ခေါင်းငြိမ့်ပြလိုက်သည်။ လူစုံတက်စုံပါလား .. တော်တော်ကောင်းတဲ့ Timing ဘဲ ..
သူက Liam အား ပြုံးပြကာ ခေါင်းကို ဘေးသို့ ငဲ့စောင်းလိုက်ပြီး " သူတို့က ဒီအိမ်က အစောင့်တွေလား.. ဒါဆိုရင်တော့ လူလဲသင့်တယ် .." အမှတ်မထင် ပြောလိုက်သည့် ပုံဖြင့် ခရော့စ်က နားမလည်နိုင်ဖြစ်နေသည့် အမှုအရာ လုပ်ကာ ပြောလိုက်သည် ။
" မင်း!!.. ဘယ်သူက အိမ်စောင့်လဲ .. ငါက .." ဟီရုန် သည် ခရော့စ်အား ပြန်ပြောချင်သော်လည်း စကားများက လည်ချောင်းဝတွင် တစ်နေခဲ့သည် ။ သူသည် အဖွဲ့အစည်း၏ စမ်းသပ်မှုအား ကောင်းမွန်သည့် အဆင့်ဖြင့် အောင်မြင်ခဲ့ပြီး အဆင့်မြင့်သည့် အဖွဲ့သို့ ဝင်ခွင့်ရခဲ့သည် ။ ဘယ်လောက် အဆင့်မြင့်မြင့် သူသည် အဖွဲ့သားသာဖြစ်သည် ။ တစ်ဖက်တွင် လော့၏ အဆိုအရ ခရော့စ် သည် ဗိုလ်မှူးတစ်ယောက် ဖြစ်နေသည်မှာ ကျိန်းသေလှသည် ။
ခရော့စ်သည် သေးငယ်သည့် အဖွဲ့ခွဲလေး၏ ခေါင်းဆောင်သာဖြစ်စေကာမှု ထိုအကြောင်းအား ဟီရုန် က မသိရှိပေ ။ အခေါ်အဝေါ်က သူ့အား အခြားအတွေးတစ်ခုကို ဝင်သွားစေခဲ့သည် ။ အထူးသဖြင့် ခရော့စ် သည် Liam နဲ့ လော့ အား သိနေချိန်တွင်ပင် ။ ' သေချာပေါက် အဆင့်အတန်းမြင့်ထဲက ဖြစ်ရမယ် '
" ဟီရုန် .." လော့ သည် ခဏတာ တုန့်ဆိုင်းပြီးနောက် မျက်နှာထားအား တင်းလိုက်ကာ " ပြန်မယ် .."
လော့၏ စကားကြောင့် ဟီရုန်က ဒေါသထွက်သွားသည် ။ " ဘာသဘောလဲ .." လော့ က စိတ်ပျက်မှုကို ဖိနှိပ်ထားဟန်ဖြင့် နူတ်ခမ်းအား ဖိကိုက်လိုက်ပြီး မျက်နှာကို အခြားဘက်သို့ လွဲလိုက်သည် ။
" တော်ဝင်စစ်တပ်က မင်းကို လက်မခံနိုင်ဘူး .." Liam က ခရော့စ်ကို ကြည့်နေရာမှ လော့အစား ဖြေပေးလိုက်သည် ။ သည်အချိန်တွင် ခရော့စ်က ရှေ့သို့ တိုးလိုက်ကာ Liam ၏ ခါးလေးအား ဆွဲဖက်လိုက်သည် ။ " ကိုယ်.. ကိုယ်ဆိုရင်ရော .. ကိုယ် ဝင်ချင်ရင် တော်ဝင်စစ်တပ်က လက်ခံလား .." သာမန်ကာ လျှံကာ ပြောနေသည့် ခရော့စ်အား ကြည့်ရင်း ဟီရုန် က နှာခေါင်းရှုံလိုက်ပြီး Liam ငြင်းပယ်လာမည် အချိန်ကို စောင့်နေလိုက်သည် ။