Arc.7.18
2.8K 484 117
ညအချိန်တွင် အိပ်မောကျနေရာမှ Liam ၏ မျက်မှောင်များသည် တွန့်ချိုးသွားခဲ့၏ ။ ဆတ်ခနဲ ဖွင့်လာသည့် မျက်ဝန်းများသည် အေးစက်မှုများ အပြည့် ။ မျက်လုံးများကို အသာမှိတ်ကာ အသက်ပြင်းပြင်းရှုလိုက်သည် ။ ဘေးကို လှည့်ကြည့်သည့် အချိန်တွင် လွတ်နေသည့် အိပ်ယာကိုသာ တွေ့လိုက်ရ၏။
ရေထသောက်ရင်းဖြင့် မြေအောက်ခန်းဘက်သို့ သွားသည့် နေရာတွင် အလင်းရောင်ဖျဖျရှိနေသည်ကို တွေ့လိုက်ရသည် ။ နေ့ခင်းဘက် အားယားနေသည်က ထိုသူသည် သူအိပ်သည့် အချိန်မှသာ လုပ်စရာရှိသည့် ကိစ္စကို ပြုလုပ်နေသောကြောင့်ပင် ။ ထိုသူသည် သူနဲ့အတူ အချိန်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည် ။
Liam က ဖန်ခွက်အား စားပွဲပေါ်တင်လိုက်ပြီး သူ့ခြေလှမ်းများက အိပ်ခန်းဘက်သို့သာ ပြန်ဦးတည်လိုက်တော့သည် ။ စားပွဲပေါ်က ဖန်ခွက်တွင် ထင်ရှားသည့် အက်ကြောင်း တစ်ခုက ကျန်ရစ်နေခဲ့သည် ။
အိပ်ယာသို့ သွားရာလမ်းမှ မှန်အားတွေ့လိုက်သည့် အချိန်တွင် သူ့ခြေလှမ်းများက ရပ်တန့်သွားသည် ။ မှန်ထဲတွင် ထင်ဟပ်နေသည့် သူ့ပုံရိပ်သူကြည့်ရင်း မျက်နှာထက်တွင် အပြုံးတစ်ခုကို ပြုလုပ်လိုက်သည် ။ " ကံကောင်းလိုက်တာ .."
***
" တိုက်ပွဲပြီးတာ နှစ်နှစ်တောင် ကြာမှ အကျိုးအမြတ်ကို ပြန်ခွဲချင်နေတာလား .. ခေါင်းဆောင်‌ချားလ်.. ဒါက နောက်စရာမဟုတ်‌ဘူးနော် .." ရိုဟန် က ခပ်ဟဟရယ်ရင်း နူတ်ခမ်းတစ်ဖက်စွန်းကို တွန့်ကွေးရင်း ပြောလိုက်သည် ။ မြူဂြိုလ်သည် အကုန်လုံး ပျက်စီးမသွားသဖြင့် ကိုင်းရာ အဖွဲ့အစည်းက ပြုပြင်ရေးများ နှစ်နှစ်ကြာ ပြုလုပ်ပြီးချိန်တွင် လူတိုင်း မျက်စိကျရာ နေရာတစ်ခု ဖြစ်လာခဲ့သည် ။ မည်သို့ပင် ဆိုစေကာမှု ဂြိုလ်တစ်လုံးတွင် များပြားသော သယံဇာတများ ရှိနေဆဲပင် ။
" အဟမ်း.. ခေါင်းဆောင်ဟန် .. ဒါက မဖြစ်သင့်ဘူးဆိုတာ သိပါတယ် .. ဒါပေမဲ့ .. အာကာသတိုက်ပွဲက အကျိုးအမြတ်လေးက  မြူဂြိုလ်တစ်ခုလုံးနဲ့ ယှဉ်လို့ မရဘူးလေ .. ဒါက အစကတည်းက မတရားတဲ့ အကျိုးအမြတ်ခွဲဝေမှုကြီးဘဲဟာ .." ချားလ် က နားချသလိုလိုဖြင့် ရိုဟန်အား မြူဂြိုလ်က အကျိုးအမြတ်များ ခွဲဝေပေးရန် ပြောနေခဲ့သည် ။