Arc.8.6
2.7K 514 84
" ဒီနေ့ အဖြစ်အပျက်က ရတနာမျှော်စင်မှာ ဖြစ်ခဲ့တာဘဲ.. မျှော်စင်မှာ အဖြစ်အပျက်အတွက် တာဝန်အပြည့်ရှိတယ် .." ချန်းယန် လက်တစ်ဖက်ကို အနောက်သို့ ပို့လိုက်သည် ။ သူ့မျက်နှာ အနေအထားသည် နွေလယ်ခေါင်ခေါင် ကျလာသည့်နှင်းပမာ အေးစက်နေ၏ ။
" တာဝန်ခံသာ မရှိဘူးဆိုရင် .. ကျုပ်က ကျော်သွားနိုင်ပေမဲ့ .. မိန်းကလေးကျီ ရှိနေတော့ ဖြေရှင်းချက် ပေးနိုင်မယ်လို့ ထင်ပါတယ် .."
" ပထမ ရတနာမျှော်စင်က ဝယ်ယူသူရဲ့ သတင်းအချက်အလက်ကို ပေါက်ကြားခွင့်ပြုခဲ့တယ် ..
ဒုတိယ ကျုပ်ရဲ့ ရှစ်တိက ရတနာမျှော်စင်မှာ တိုက်ခိုက်ခံလိုက်ရတယ် .. " ချန်းယန်၏ နူတ်မှ စကားတစ်ခွန်းထွက်တိုင်း ကျီချင်း၏ မျက်နှာက ဖြူလျော့လာသည် ။ သူမသည် မို့ယောင်က လော့ကျွင်းအား အနိုင်ယူနိုင်သည်နဲ့ ထွက်လာသမျှ သတင်းတိုင်း သူမလက်ထဲတွင်ရှိနေကာ ယခု ချန်းယန်ပြောသည့်အရာများသည် အသေးအဖွဲသာဖြစ်သည် ။ သို့သော် ထိုအသေးအဖွဲများအတွက် သူမထံ၌ ဖြေရှင်းချက်တောင်းလာသည့်အခါ အဖြေမရှိသည့် မေးခွန်းကို မေးခံရသည့်အလား ကူကယ်ရာမဲ့သွားတော့သည် ။
ချန်းယန်သည် မို့ယောင်ကို ကျော်ကာ ရတနာမျှော်စင်ကို ထိပါးလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ ။ ချန်းယန် သာမက ဆရာဟန် ရောက်လာလျှင်တောင် သူမအတွေးထဲတွင် မို့ယောင်ကိုသာ ပြဿနာရှာလိမ့်မည်ဟု ထင်ကာ ရတနာမျှော်စင်က ဘေးမှကြည့်ရှုသူတစ်ယောက်သာ လုပ်လိမ့်မည် ဖြစ်သည် ။
" ချန်းယန် .. ဒါက သာမန်တိုက်ပွဲလေး တစ်ခုပါ .. ဘာလို့ ဒီလောက် ဆတ်ဆတ်ထိမခံ ဖြစ်နေရတာလဲ .." ရှိနေသည့် လူများထဲတွင် ဟွားရန်တစ်ယောက်သာ ချန်းယန်၏ ဖိအားကို မခံစားရခြင်းသာ ။ သူမနူတ်ခမ်းတို့ကို လှပစွာ တွန့်ကွေးလျက် " အဖြစ်အပျက်ကို နင်မြင်လို့လား .. "
ချန်းယန်က လက်ကို လှုပ်ရှားလိုက်ကာ ဟွားရန်အား ရိုက်နှက်ချင်နေသည့် လော့ကျွင်း၏ လက်ကို ဆွဲလိုက်သည် ။ သူက တဖန်လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ရေခဲဓားနှစ်ချောင်းကို လွင့်ထုတ်လိုက်သည် ။