(၂)

8.1K 1K 50
                                    


{Unicode}

အခန်း(၂)



ရုံးခန်းတစ်ခုလုံးမှာ အပ်ကျသံပင် ကြားလုမတတ် တိတ်ဆိတ်၍သွားသည်။

"ခင်ဗျား ဘာပြောလိုက်တယ် ?"

လီလော့သည် ဒေါသအမျက်ချောင်းချောင်းထွက်ကာ အော်ရယ်တော့၏။

"ငါက တစ်ကယ်ပဲ ဒီလောကထဲက ကန်ထုတ်ခံရမယ် ? .. ဘာလဲ .. လီမိသားစုက အရင်တုန်းကလောက် မချမ်းသာတော့လို့လား .. လုပ်ပိုင်ခွင့်တွေ မရှိတော့လို့လား .. အဲ့လိုဆိုရင်တော့ မှားမယ်နော် .. ကျွန်တော်တို့ လီအိမ်တော်နာမည်ပြောလိုက်ရုံနဲ့ လူအတော်များများက မမှန်းဆလောက်ရဲတဲ့အထိ ရှိန်သွားကြတုန်းပဲ .. ဘယ်မျက်စိကန်းနေတဲ့ သောက်ကောင်က ကျွန်တော့ကို လာထိရဲတာလဲ ?"

လော်ဖန်၏ နဖူးထက်ဆီတွင် ချွေးတွေ အလုံးလိုက် သီးလာလေပြီ။ သူသည် တစ်ရှူးတစ်ရွက်ယူပြီး မျက်နှာပေါ်မှ ချွေးတွေကို သုတ်လိုက်ကာ အမှိုက်ပုံးထဲ လုံးခြေပစ်ထည့်လိုက်၏။ လီလော့၏ မေးခွန်းကို ပြန်ဖြေနိုင်ဖို့အတွက် သူသည် ရနိုင်သမျှ အချိန်ဆွဲထားလိုက်ချင်သည်။

"ပြောမပြဘူးလား .. ဟုတ်ပြီလေ .. သူ့ရဲ့ နေရာက ဘယ်နားမှာဆိုတာ သိသွားအောင် ပြပေးရသေးတာပေါ့"

"အဲ့လူ .. သူက အသေအချာ မင်းကို ရန်စနိုင်တဲ့ သူမျိုး .. သူ့နေရာက ဘယ်နားမှာဆိုတာတောင် မင်း ပြပေးနေဖို့မလိုဘူး"

"ဆက်ပြော"

"ငါ .. Big Boss က ငါ့ကို ဘာမှ မပြောခိုင်းထားလို့ .. မဟုတ်ရင် မင်းကို ပြောပြပြီးတာ ကြာပေါ့ .. ဘာလို့ ဒုက္ခခံပြီး အခုထိ ဖုံးကွယ်ထားမှာတုန်း .. ရူးနေလို့ ငါက အဆဲတောင်းမတဲ့လား ?"

"အခု မပြောဘူးဆို ကျွန်တော်ကရော .. ခင်ဗျားကို မရိုက်တော့ဘူးတဲ့လား ?"

လီလော့သည် စားပွဲကို လက်နှင့်ထောက်လိုက်ရင်း လော်ဖန်ကို ခြိမ်းခြောက်စကားဆိုနေသည်။ မှေးကျဥ်းထားသည့် မျက်လုံးတွေသည် လော်ဖန်အတွက် မြှားတစ်စင်းလိုပင် စူးရှရှခံစားရစေ၏။

"ရှောင်လော် .. ကျွန်တော့ဆီက တစ်ချက်လောက် အရိုက်ခံဖူးရင် ဘယ်လောက်တောင် နာသလဲဆိုတာ ခင်ဗျား မြင်ဖူးပြီးသားပဲ .. ဟုတ်တယ်ဟုတ် ?"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now