(၄၅)

6.2K 797 38
                                    

{Unicode}

အခန်း(၄၅)

ကျန်းလျို့ရှဲန်း၏ သတိပေးစကားမှာ နှလုံးသားမဲ့သယောင် ထင်ရသော်ငြား ဖြစ်နိုင်ချေ မရှိသည်တော့လည်း မဟုတ်ပြန်။ အိမ်မှာနေနေသည့် ရက်တွေအတွင်း လီလော့သည် ထိုအကြောင်းအရာကိုသာ တွေးမိနေ၏။ အကယ်၍သာ သွမ့်မင်ယန်သည် အရင်တစ်ခေါက်အတိုင်းသာ ပြုမူလာခဲ့ပြီး တစ်လျှောက်လုံး သူ့ကို ကစားနေခဲ့သည် ဆိုလျင်ရော။

ပထမတစ်ခေါက်က ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုတစ်ခေါက်ကမူ သိမ်းပိုက်စိုးမိုးလိုသည့် ဆန္ဒကြောင့်လည်း ဖြစ်နိုင်သည်။ လီလော့ဆိုသည် ဖမ်းချင်သည့် အချိန် ကောက်ဖမ်းလိုက်လို့ရသည့် သားကောင်းငယ်ပမာ။ စိတ်ပျော်ရာရှာလိုတိုင်း လှည့်ပတ်ကစားနိုင်သည့် ကစားဖွယ်ရာပမာ။ လီလော့ မောပမ်းလာသည့်တစ်နေ့၊ မခံနိုင်တော့သည့်တစ်နေ့ လုံးလုံးကြီး အရှုံးပေးလိုက်သည့်အခါတွင်မှသာ အညှာအတာကင်းမဲ့စွာနှင့် ရက်ရက်စက်စက် စွန့်ခွာသွားလိမ့်မည်ထင်၏။

လက်ရြှိဖစ်ပေါ်နေသည့် အခြေအနေအား ကောက်ချက်ဆွဲရမည်ဆိုပါလျင် ပြဿနာသည် ပေါ့သေးသေးဟူ၍ သတ်မတ်လို့မရပေ။ လီလော့သည် နားနေခန်းထဲတွင် ရှိနေတာဖြစ်ပြီး မတတ်နိုင်သည့်အဆုံး ကျင်းရန်ကို ထုတ်မေးလိုက်ရသည်။

"ကျင်းရန် .. ခုတလော မင်း သူဌေး ဘာလုပ်နေလဲ"

သွမ့်မင်ယန်၏ ကုမ္ပဏီလက်အောက်တွင်ရှိသည့် သရုပ်ဆောင်တစ်ဉီးအနေဖြင့် ကောလာဟလမုန်တိုင်း ငြိမ်သက်သွားပြီးသည့်နောက် ယခုပွဲသည် လီလော့အတွက် ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်သည့် ပွဲပင်။ သွမ့်မင်ယန်နှင့် တပူးပူးတတွဲတွဲ သွားရဖန်များ၍ပဲလားမသိ၊ လီလော့၏ မသိစိတ်မှနေ၍ ထိုသူအပေါ် အနည်းငယ် မှီခိုအားထားစိတ်ဖြစ်ပေါ်နေမိသည်။

တော်သေးသည်မှာ ယခုပွဲတွင် ပရိတ်သတ်အများကြီးကို လက်ခံမထားတာဖြစ်သည်။ ရသစုံလင်ရှိုးအတွက်ကိုမူ စတူဒီယိုထဲတွင် ပရိတ်သတ်အနည်းငယ်လောက်နှင့် ရိုက်ကူးရန် စီစဉ်ထားသည်။ အနည်းငယ်မျှသော တက်ရောက်ခွင့်ရသူတွေပင် တင်းကျပ်သည့် လုံခြုံရေး စစ်ဆေးဂိတ်များအား ဖြတ်ရဉီးဖြစ်ရာ မျှော်လင့်မထားသည့် ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ဖို့ရန် အခွင့်အရေးနည်းလွန်းသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now