(၅၇)

6.1K 807 36
                                    

{Unicode}

အခန်း(၅၇)

လီလော့သည် ​ကြမ်းတမ်းစွာ ကြိမ်းဝါးပြီးသွားသည်နှင့် အခြားသူများအား သူ၏ အရှက်ရဖွယ်ရာကောင်းသည့် အခြေအနေကို မမြင်တွေ့စေချင်သည့်အလား မျက်နှာကို ဘေးတစ်ဖက်သို့ လှည့်ထားလိုက်၏။

တံခါးဝတွင် ရပ်နေသည့် သွမ့်ရှင်းယဲ့နှင့် လူအနည်းစုအပြင် အကြောက်အလန့်မရှိသည့် ၀န်ထမ်းတချို့တလေကပါ သူတို့အလုပ်နေရာမှ လစ်ထွက်လာပြီး ရုံးခန်းတွင်းရှိ ဖြစ်ပျက်နေသည့် အခြေအနေကို လာရောက်စူးစမ်းကာ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြသည်။

အားလုံး ငေးမောမင်သက်နေကြရာမှ အဆုံးတွင် အရိပ်အကဲ နှောကြေနေသည့် သွမ့်ရှင်းယဲ့က ဦးဆုံးလောဆော်လာ၏။ သူသည် ထိုမြင်ကွင်းကြောင့် စက္ကန့်ပိုင်းမျှသာ ထိတ်လန့်သွားရသော်လည်း ချက်ချင်း အမူအရာ ပြန်ထိန်းလိုက်နိုင်သည်။ ထို့နောက် သူ့နောက်တွင် ရှိနေသည့် လူအုပ်ဘက်လှည့်ကာ တည်ငြိမ်အေးဆေးစွာဖြင့်

" မင်းတို့တွေ အပြင်မှာ စောင့်နေကြ၊ တခြား ဘယ်သူမှ ဝင်မလာစေနဲ့ "

နောက်ဆုံးတွင် သူတို့ သုံးယောက်သာ အခန်းတွင်း၌ ကျန်ခဲ့သည်။

" ဘာဖြစ်ကြတာလဲ "

သွမ့်ရှင်းယဲ့သည် စိုးရိမ်နေသည့်လေသံဖြင့်

" မင်ယန်ရယ်၊ မင်းကွာ၊ လူတစ်ယောက်လုံးကို ဘယ်လိုတောင် ရိုက်ရဲရတာလဲလို့၊ တော်သေးတာပေါ့၊ ကံကောင်းပြီး Mr.လီ ငါတို့ ကုမ္ပဏီကို ရောက်လာတယ်ဆိုတဲ့ သတင်းတက်လာတာ တွေ့လိုက်ရလို့၊ ဟုတ်ကောဟုတ်ရဲ့လားဆိုပြီး လာကြည့်ကြည့်လိုက်လို့သာ တော်တော့တယ်၊ ဒီသတင်းသာ ပြန့်သွားကြည့်၊ မင်းတို့နှစ်ယောက်လုံး ဘာတွေဖြစ်ကုန်မယ် မသိနိုင်ဘူး "

သွမ့်မင်ယန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ မည်သည့်စကားမှမဆို။ မတိုင်မီလေးတင်က လီလော့၏ ပါးပြင်အား ရိုက်နှက်ထားခဲ့ဟန်တူသည့် လက်မှာမူ အောက်သို့ တွဲလောင်းကျနေကာ တောင့်တောင့်ကြီးရှိနေ၏။

" သူ၊ သူလား၊ လုံးဝမှ ဂရုစိုက်နေမဲ့သူ မဟုတ်ဘူး "

ဦးဆုံးလေသံထွက်လာသည်က လီလော့ပင်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now