(၃၁)

6.2K 898 10
                                    


{Unicode}

အခန်း(၃၁)

လီလော့သည် ခေတ္တမျှ တောင့်ခဲသွားရပြီး ဆက်ပြောဖို့ရန် တာစူနေသည့် ကျန်းလျို့ရှဲန်းကို တားလိုက်ကာ

"ခဏ .. ဒီမှာ မပြောသေးနဲ့ .. စာဖတ်ခန်းထဲရောက်မှ ဆက်ပြောကြရအောင်"

မီးဖိုခန်းထဲတွင် လူရှိနေသည်ဖြစ်ရာ တစ်ယောက်မဟုတ်တစ်ယောက် အချိန်မရွေး ရောက်လာပြီး ကျန်းလျို့ရှဲန်း ပြောလာမည်များကို ကြားသွားနိုင်ချေရှိနေသည်။ လီလော့သည် ကျန်းလျို့ရှဲန်းမှာ ကိတ်ကိုမြည်းစမ်းဖို့အတွက် ရောက်လာခြင်းဖြစ်ကြောင်း ကျန်သူတွေကို အသိပေးထားလိုက်ကာ အပေါ်ထပ် စာဖတ်ခန်းရှိရာဆီ တက်သွားလိုက်ကြ၏။

အပေါ်ထပ်ရောက်၍ စာဖတ်ခန်းတံခါးကို ပိတ်လိုက်ပြီးသည်နှင့်

"ငါ့အဖေကိစ္စနဲ့ ဆက်စပ်နေတယ်ဆိုတာ ဘာသဘောလဲ ?"

"ကျောက်ရှင်းဟွာကိစ္စကို ငါ ကိုင်တွယ်နေတယ်လို့ ပြောခဲ့တယ်မလား .. ငါ ထင်ထားတာ အလွန်ဆုံး အထဲထည့်ထားနိုင်လှ တစ်နှစ် နှစ်နှစ်လောက်ပေါ့ .. ဘယ်ဟုတ်မလဲ .. စစ်ရင်း စစ်ရင်း သူ လုပ်ထားတာတွေ အတော်များများပေါ်လာလိုက်တာ ခုဆို ထောင်က ဆယ်နှစ်ကျော်ကျော်လောက် ကျသွားတော့မှာ .. သူလဲ အပြစ်ဒဏ်လျော့ဖို့အတွက်နဲ့ အိမ်သွန်ဖာမှောက် ဝန်ခံလိုက်ရတော့ ဖောက်သည်အတော်များများရဲ့ နာမည်တွေအထိပါ ပေါ်ကုန်ပြီ"

"သွမ့်ရှင်းယဲ့လို လူမျိုးတွေပေါ့ ?"

"သွမ့်ရှင်းယဲ့ကတော့ ဘယ်ဝန်ခံပါ့မလဲ .. ငါ စုဆောင်းထားတဲ့ သက်သေတွေကိုလည်း ရဲတွေလက်ထဲ အပ်ထားပြီးသား .. အိုး .. ပြောရရင် သွမ့်မင်ယန် ထုတ်ပေးတဲ့ဟာတွေလေ .. ဒါပေမဲ့လည်း ထောင်ချနိုင်လောက်အောင်အထိ ကြီးမားတဲ့ သက်သေတွေ ဖြစ်မနေသေးဘူး .. အဲ့လောက်နဲ့ဆို ခဏတဖြုတ် သတင်းထွက်ရုံလောက်ပဲရှိဦးမှာ .. သိပ်မကြာဘူး သူတို့ဘက်က ပြန်ဖုံးနိုင်လောက်တယ်"

"အဲ့တာကြောင့်နဲ့ သူတို့ ပြာယာခတ်သွားတာလဲ မဆိုးဘူးလို့ ပြောရမယ် .. သွမ့်မင်ယန်သာ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ရင် သွမ့်အိမ်ကတော့ ဒုက္ခအကြီးကြီးတွေ့ပြီး ပွဲတောင် သိမ်းသွားနိုင်တယ်"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now