(၅၈)

6.1K 875 32
                                    

{Unicode}
အခန်း(၅၈)

ကားအနောက်ဘက်ခန်းသည် ဒုတိယအကြိမ် တိတ်ဆိတ်သွားရသည်။

" ဘာကြောင့်များ အဲ့လိုအထင်ရှိနေရတာလဲ "

သွမ့်ရှင်းယဲ့က မေးလာသည်။

" ဘယ်သူဆိုတာကိုများ သိထားလို့လား "

လီလော့သည် ခေါင်းခါပြလိုက်ပြီး

" အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ ဒါပေမဲ့ ခင်ဗျား စဥ်းစားကြည့်၊ ရဲတွေတောင် ဘာသက်သေမှ ရှာမရလို့ စစ်ဆေးရေးကို အပြီးသတ်တော့မယ်ဆိုမှ သွမ့်မင်ယန်က ရုတ်တရက်ကြီး ဘယ်နေရာကနေ သက်သေတွေ ရသွားတာတဲ့လဲ၊ အနားမှာရှိတဲ့ အတွင်းသိ လူတစ်ယောက်ယောက်ကနေ ပေါက်ကြားတယ်ဆိုဦး၊ ခင်ဗျားဘေးနားမှာ ကျွန်တော်ကလွဲရင် အခြား ဘယ်သူရှိသေးလို့တုန်း "

သွမ့်ရှင်းယဲ့သည် သိပ်ယုံကြည်ပုံမရသေး။ မျက်မှောင်ကြုတ်လျက်က

" ကျွန်တော့်ဘေးနားမှာ အဲ့လိုလူမျိုး ဘယ်ရှိမှာလဲဗျာ၊ ဖြစ်နိုင်တာက ကျွန်တော့်ကို မဟုတ်မမှန် ရိုးစွပ်ချင်တာနဲ့ပဲ ထွက်လာတဲ့ သတင်းတွေ ဖြစ်မှာပါ၊ Mr.လီကကော၊ သူ ပြောတဲ့ သက်သေကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရလို့လား "

လီလော့သည် သူ့ကို စကားပြန်နှိုက်နေသည့် သွမ့်ရှင်းယဲ့အား စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိ၏။

" ကျွန်တော်ကဖြင့် သူ့ဘက်က လူယုံမှ မဟုတ်တာ၊ ပေးသိပါမလားလို့ "

လီလော့သည် လက်ထဲက ရှဲန်ပိန်ခွက်ကို အသာလှုပ်ယမ်းလိုက်ပြီး

" ယုံတာ မယုံတာတော့ ခင်ဗျား သဘောပဲ၊ ဘယ်လိုနေနေ ခင်ဗျားဘေးနားက လူတွေကို တစ်ချက်လောက် စစ်ဆေးကြည့်လိုက်လို့လည်း အလကားဖြစ်သွားတာမှ မဟုတ်ဘဲ၊ အချိန်ရမယ်ဆို ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အဓိကကိုင်တွယ်ရတဲ့ သူကို သေချာလေး စောင့်ကြည့်ထား၊ မျက်ခြေပြတ်မသွားစေနဲ့၊ ခင်ဗျားတို့ သွမ့်အိမ်က လုပ်ကိုင်ခဲ့ဖူးတာတွေဆီကနေတောင် ပြန်သင်ယူလို့ရတာတွေ အများကြီးရယ်၊ ဟုတ်တယ်ဟုတ် "

သူသည် ရှဲန်ပိန်ကို တစ်ကျိုက်ငုံလိုက်ရင်း ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည့် သွမ့်ရှင်းယဲ့၏ မျက်နှာကို တစ်စိမ့်စိမ့်ကြည့်နေလိုက်သည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now