(၅၁)

6K 829 79
                                    


{Unicode}

အခန်း(၅၁)

ထစ်ချုန်းရွာနေသည့်မိုးက Maybach ၏ အင်ဂျင်စက်သံကို ဖုံးလွှမ်းသွားစေသည်။ ကားမှန်ပြတင်းပေါ်တွင်မူ မိုးရေစက်တို့က စီးကြောင်းအသွယ်သွယ်ဖြင့် ဖြာစင်းကျလျှက်ရှိကြသည်။

" ဆောင်းပဲ ဝင်တော့မယ်၊ မိုးက ရွာနေတုန်း "

စုကျစ်သည် သိုးမွှေးခြုံလွှာကို လုံနေအောင် ဆွဲစေ့လိုက်ပြီး ကားနောက်ခုံပေါ် မှီချလိုက်ကာ ကားမှန်ပြတင်းဆီ ငေးကြည့်နေသည်။ အတော်ကြာသည်အထိ အခြားတစ်ဖက်ဆီက မည်သည့်တုန့်ပြန်မှုမှ ရောက်မလာသည့်အခါ စုကျစ်သည် စိတ်မရှည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်၏။

ထိုသူသည် အိပ်ပျော်နေလေသည့်အတိုင်း မျက်စိတွေကို မှေးပိတ်ထားကာ ငြိမ်သက်တိတ်ဆိတ်နေသည်။

သို့သော် ထိုသူ အမှန်တကယ် အိပ်ပျော်နေခြင်း မဟုတ်ကြောင်း စုကျစ်သိသည်ပင်။ လေထုက အရမ်းကို တိတ်ဆိတ်နေသည်ဟု ခံစားမိသည့်တိုင် သူ့တွင် ပြောစရာ စကားက သိပ်မရှိသည်နှင့်​

" နင့်ကားကို မပြောင်းတော့ဘူးလား၊ ဒါပဲ စီးနေတာ အရမ်းကြာပြီကော "

အနားယူနေဟန်ရှိသူ၏ မျက်လုံးတွေသည် အသာအယာဖွင့်ဟလာကာ

" အခြားကြိုက်တာ မရှိလို့ "

" ဒီကားက ထူးထူးခြားခြား အဓိပ္ပာယ်တွေ ရှိနေလို့လား "

" မရှိဘူး "

စုကျစ်သည် ဘာမှ ပြောစရာမရှိတော့။

ခပ်မြန်မြန်သွားနေသည့် ကားအရှိန်ကြောင့် လမ်းမီးရောင် ဝါကျင့်ကျင့်သည် ထိုအမျိုးသား၏ မျက်နှာပေါ် ရွှေရောင်မျဥ်းဖြတ်များအလား အလင်းကျနေသည့်တိုင် ခပ်ဖျော့ဖျော့ မျက်ဝန်းများကမူ အမှောင်ထဲတွင်သာ ရှိနေကြဆဲ။

" ကြည့်ရသလောက် နင် စိတ် အဆင်မပြေဖြစ်နေတာ တစ်ပတ်ကျော်လောက်ရှိနေပြီလားပဲ၊ ဘာဖြစ်နေတာလဲ မင်ယန် "

" ငါ အဆင်ပြေပါတယ်၊ ကိုယ့်ပြဿနာပဲ အရင် စိတ်ပူပါဦး "

သွမ့်မင်ယန်သည် လေသံအောအောဖြင့်

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now