အချပ်ပို (၅)

3.8K 462 18
                                    

{Unicode}

အပိုင်းတစ် - မိုးမသောက် မှောင်မိုက်အရိပ် မပြေးမီ (၅)

ရှေ့ဆက်လျှောက်ရမည့် လမ်းကို ချမှတ်ပြီးသွားသည်ကြောင့်လည်း ဖြစ်နိုင်သည်။ ခုညအဖို့ရာ သူ့တွင် ယခင်ကထက် ယုံကြည်မှု ပိုရှိနေ၏။

ယခုဆိုလျှင် သူသည် လီလော့ကို တာဝန်ယူနိုင်ပြီဖြစ်ပြီး ကတိကဝတ်ပေးနိုင်သည့် အနေအထားတွင် ရောက်ရှိနေပြီဖြစ်သည်။

လီလော့ အလိုရှိနေသရွေ့ သံသယ တစိုးတစိမျှ မရှိဘဲ အချစ်တွေကို ပုံအောပြီး ပေးနိုင်သည်။ သူ့ လက်တွေကို ချုပ်နှောင်ထားပြီး တွန့်ဆုတ်နေစရာ မလိုတော့။

"ဒါဆို ငါ့ကို အရင် နမ်း .. "

စိတ်ကျေနပ်စရာ အဖြေကို ရသွားသည့် လီလော့သည် ကျိုးနွံနာခံသည့် အမူအရာသို့ နောက်ထပ်တဖန် ပြောင်းလဲသွားပြန်၏။ သူ၏ ရီဝေနေသည့် မျက်ဝန်းအစုံကလည်း ခါတိုင်းအချိန်တွေထက် ပို၍ ဆွဲဆောင်ညှို့ယူနေသလို။

" ငါ့ တကိုယ်လုံး မင်း ကြိုက်တဲ့နေရာကို နမ်းလို့ရတယ် "

သွမ့်မင်ယန်သည် အနှီအန္တရယ်အပေးနိုင်ဆုံးသော နှုတ်ခမ်းလွှာကို ဦးစွာပိတ်ဆို့လိုက်၏။

ထိုနေရာသည် လီလော့ တစ်ကိုယ်လုံးတွင် အနူးညံ့ဆုံးနှင့် အမာကျောဆုံးသော အစိတ်အပိုင်းလေးတစ်ခု ဖြစ်နိုင်သည်။ သူ့ လျှာသည် အဆိပ်ရှိပြီး ဘယ်သောအခါကမျှ ညှာတာလေ့ မရှိခဲ့။ တစ်စုံတစ်ယောက်သည် မည်မျှပင် ထက်မြက်နေပါသော်ငြား ထိုသူတွေသည် အနှီနှုတ်ခမ်းပါးလေးအောက်တွင် အညံ့ခံကာ အရှုံးပေးသွားကြပေလိမ့်မည်။ သို့သော်လည်း ထိုနှုတ်ခမ်းပါးတွေကို ချုပ်နှောင်လိုက်သည့်အခါတွင်ကား မယုံနိုင်လောက်အောင်ကိုပင် နူးညံ့သွားတော့သည်။ မှော်ပညာနှင့် ပြုစားခံထားရသည့်အလား ခုခံ၍ မရသလို ခွဲခွာလို့လည်း မရပါချေ။

သွမ့်မင်ယန်သည် ကျောင်းစာကြည့်တိုက်၏ မမြင်ကွယ်ရာ ထောင့်ချိုးများတွင်၊ မလင်းတလင်း နောက်ဖေး လမ်းကြားများတွင်၊ သူ ငှားနေသည့် အိမ်ခန်းလေး၏ ညဥ့်နက်နက် အချိန်များတွင် ဤနှုတ်ခမ်းပါးနှစ်လွှာကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြည်းစမ်းခဲ့ပြီးလေပြီ။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now