(၃၅)

7K 902 57
                                    


{Unicode}

အခန်း(၃၅)

နောက်တစ်ရက်မနက် လီလော့ အိပ်ရာမှ ထလာချိန် အနားတွင် မည်သူမျှ ရှိမနေ။

အပြင်ဘက်ဆီတွင်မူ မျက်စိကျိန်းလောက်စရာ အလင်းရောင်တို့ဖြင့် တောက်ပနေသော်ငြား ခန်းစီးကို ဖြတ်၍ ဝင်လာသည့်အခါ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အခန်းတွင်း နွေးထွေးသည့် အငွေ့အသက်တို့ဖြင့် လွှမ်းခြုံထားသည့်အလား ဖြစ်သွားရသည်။

အခန်းထဲတွင် စိုထိုင်းဆဟူသည် တစ်စိလေးသော်မျှ မခံစားရပေ။ သူ့ကိုယ်ပေါ် လွှမ်းခြုံထားသည့် စောင်ကအစ နွေးထွေး၍နေကာ အိပ်ချင်မပြေသေးသူကို ဆက်ပြီး အိပ်ပျော်သွားအောင် ပံ့ပိုးပေးနေသည့်အလားပင်။

သို့တိုင်အောင် သူ့တွင် အကြာကြီး ဆက်အိပ်နေဖို့ရာ အခွင့်မသင့်ပါပေ။

လီလော့သည် မနည်းကုန်းရုန်းကာ ထထိုင်လိုက်ရ၏။ နည်းနည်းလေး လှုပ်ရှားလိုက်ရုံနှင့် ကြွက်သားနှင့် အရိုးတွေဆီမှ နာကျင်မှုကို ခံစားလိုက်ရသည်။ အလွန်အကျွံ အသုံးပြုထားခံရသည့် ထိုနေရာဆိုလျင်ကား အိပ်ရာခင်းနှင့် ပွတ်လိုက်မိသည့်အချိန်တိုင်း စူးအောင့်လာရသည် အထိ။

သွမ့်မင်ယန်ဟူသော အထန်ကောင်သည် အိပ်ရာခင်းသာ အသစ်လဲသွားသည်။ သူ့ကိုယ်တွင် အင်္ကျီတစ်စသော်မျှ ဝတ်မပေးထားပါချေ။

လီလော့သည် ကိုယ်ပေါ်မှ စောင်ကို လှပ်ကာ အိပ်ရာပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလိုက်ရသည်။ သူ့ ခြေထောက်တွေ ကြမ်းပြင်ပေါ်ချကာ မတ်မတ်ရပ်ဖို့ရန် ကြိုးစားလိုက်သည့် ခဏမှာပင် အိပ်ရာပေါ် ချက်ချင်း ပြန်လဲကျသွားရ၏။

လီလော့သည် လက်သည်တရားခံအား စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိသည်။ ဤအရှက်ရဖွယ်ရာ မြင်ကွင်းအား ထိုသူ မမြင်လိုက်၍သာ တော်သေး၏။

သူ့ခန္ဓာကိုယ်ကလည်း သန့်ရှင်းခြောက်သွေ့နေ၍ တော်သေးသည်။ အတွင်းပိုင်းတွင် အကြွင်းအကျန်တွေ ရှိနေသေးသလို မခံစားရရာ ထိုသူသည် သူ့အား သန့်ရှင်းပေးထားခဲ့ဟန်တူ၏။ သို့တိုင်အောင် လီလော့သည် အံကြိတ်ကာ ထိုသူအား အခါသုံးရာမျှ ကျိန်ဆဲလိုက်ပြန်သေးသည်။ နာကျင်မှုအား ကြိတ်ခံကာ အခန်းထဲတွင်ရှိသည့် ဆိုဖာရှိရာဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထိုဆိုဖာပေါ်တွင် သူ ဝတ်ဖို့ရာ ထားပေးထားဟန်တူသည့် အဝတ်အစားတွေ ရှိနေ၏။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now