(၆၃)

6.2K 818 23
                                    

{Unicode}

အခန်း(၆၃)

စကားတတ်လွန်းလှသည့် လီလော့အား သွမ့်မင်ယန်သည် ယှဥ်ပြိုင်မပြောနိုင်ရှာ။ အဆုံးတွင် အရေးပေါ် တစ်ခုခုဖြစ်လာလျင် အမြန်ဆုံး သိရှိနိုင်ဖို့ရန် ဖုန်းအတွင်း တည်နေရာအသိပေးချက်ကို အချိန်ပြည့်ဖွင့်ထားပေးပါ့မည်ဟူသည့် သဘောတူညီချက်ဖြင့် သွမ့်ရှင်းယဲ့နှင့် တစ်ယောက်တည်း တွေ့ဖို့ရာအတွက် ခွင့်ပြုလိုက်ရသည်။ ထို့အပြင် သွမ့်မင်ယန်သည် လီလော့၏ သွားလာလှုပ်ရှားမှုများကိုပါ တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်သည်။ လီလော့သည် သုံးရက်ပြည့်မှ တစ်ကြိမ် တွေ့ကြမည်ဟူသည့် အချက်အား သဘောမတူချင်သည့်တိုင် စောဒက တက်မနေတော့ဘဲ အိမ်တွင်းအောင်းကာ နောက်ရိုက်ကူးမည့် ရုပ်ရှင်အတွက် ပြင်ဆင်နေလိုက်သည်။

မည်သည့်ပြဿနာမှ မရှာဘဲ ငြိမ်သက်နေလွန်း၍ လော်ဖန်နှင့် တန့်လျန်ပင် နေမထိထိုင်မသာဖြစ်လာရသည်။

" လော့ကော၊ ဆောင်းတွင်းဘက်ကြီးဆိုပေမဲ့ ကျွန်တော်တို့ အိမ်ထဲချည်း ကွေးနေရင်လည်း မဟုတ်သေးဘူး၊ လိုင်းပေါ် တင်ဖို့ရှိမျိုးတော့ လုပ်ရဦးမှာ၊ ကော ဘယ်လိုသဘောရလဲ "

လီလော့သည် မိုဘိုင်းဂိမ်း အဆော့မပျက်ဘဲ

" အင်း၊ ရတယ်လေ၊ ပုံရိုက်ဖို့လိုရင် ခုတိုင်း ရိုက်လိုက်ပေါ့ "

တန့်လျန်သည် လီလော့၏ အသွင်အပြင်အား ခေါင်းအစခြေအဆုံး တစ်ချက်ကြည့်လိုက်၏။ ခေါင်းမဖြီးထား၍ ရှုပ်ပွနေသည့် ဆံပင်ပုံစံ၊ အပေါက်မှားတပ်ထားသည့် အင်္ကျီကြယ်သီးများ၊ တွန့်ကြေနေသည့် အိပ်ယာခင်း၊ ခြေထောက်တစ်ဝက် ရောက်သည်အထိ ဆွဲတင်ထားသည့် ဘောင်းဘီရှည်၊ တစ်ဘက်တည်း ဝတ်ဆင်ထားသည့် ခြေအိတ်တို့အပြင် ဖန်တွေ လက်ဆောင်ပေးထားသည့် ဟက်စကီးမွှေးပွရုပ်ကြီးကိုလည်း ကျောခုထားသေးသည်။

မည်သူမဆို ကြည့်လိုက်သည်နှင့် ကလေးဆန်သည့်ရုပ်ကလေးဟု မှတ်ချက်ပေးကြမည်သာ။ သို့တိုင်အောင် လီလော့၏ တော်ဝင်မြင့်မြတ်သည့် ဇာတ်ကောင်စရိုက်ကို ပျက်စီးသွားစေနိုင်သည်။ နောက်ပိုင်း အချစ်ဒရာမာ ဇာတ်ကားများ ရိုက်ကူးသည့်အခါ သူ၏ မြောက်များလှစွာသော မိန်းကလေး ပရိတ်သတ်တွေအကြား အနှီရုပ်ပုံသာ စွဲထင်ကျန်နေခဲ့မည်ဆိုပါက မည်သို့လုပ်ရပါမည်နည်း။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now