(၈၂)

5.9K 825 75
                                    

{Unicode}

အခန်း(၈၂)

လီလော့သည် ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်ပြီး သွမ့်မင်ယန်ကို အာရုံပြောင်းဖို့ ကြိုးစားကြည့်သေး၏။

" ရူးချင်ယောင်ဆောင်နေလည်း အသုံးမဝင်ဘူးနော် "

သွမ့်မင်ယန်၏ မျက်လုံးတွေသည် အန္တရယ်ရှိစွာ မှေးကျဥ်းသွားကြသည်။ သူသည် စုံလည်ထိုင်ခုံကို လှည့်လ်ိုက်ပြီး လီလော့ကို တည့်တည့်စိုက်ကြည့်ကာ

" မှန်မှန်ဖြေရင် သက်ညှာပေးမယ် "

" ဒါက စည်းကမ်းတင်းကျပ်တဲ့ သဘောလား "

" မင်း ဘာပြောတယ် "

" ဘယ်လိုတောင် စည်းကမ်း တင်းကျပ်လိုက်သလဲလို့ "

သွမ့်မင်ယန်သည် သူ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး

" Mr.လီ၊ ကိုယ်တို့ရဲ့ စောင့်ကြည့်ကာလက ခုထိ ပြီးပြတ်သေးတာ မဟုတ်ဘူးနော် "

" ခုနတုန်းကတော့ မင်းပဲ ငါ့ကို လက်ထပ်ချင်တယ်ဆို "

လီလော့သည် သွမ့်မင်ယန်၏ အင်္ကျီစွန်းကို လက်ဖြင့် ခါယမ်းလိုက်ရင်း မေးလာသည်။ တစ်ပြိုင်နက်တည်းမှာပင် မျက်ဝန်းအိမ်သည် စွတ်စိုလို့လာပြီး ငိုချတော့မည့် အမူအရာဖြင့် သွမ့်မင်ယန်ကို ကြည့်ကာ

" လူလိမ်လူညာကြီး၊ လူကို ခြိမ်းခြောက်ဖို့ပဲ သိတယ်၊ ပြောထားတဲ့ စကားကိုလည်း မတည်ဘူး "

" ..... "

သွမ့်မင်ယန်သည် ချက်ချင်း မျက်နှာလွှဲထားလိုက်ရပြီး လေသံခပ်မာမာဖြင့်

" မင်း ဒရာမာ ခင်းနေပြန်ပြီလား "

လီလော့သည် နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထား၏။ သူသည် သွမ့်မင်ယန်၏ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဦးခေါင်းဖြင့် တိုးဝင်ကာ ခဏတွင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးသည် သွမ့်မင်ယန်ကိုယ်ပေါ် ခွလျက်သားဖြစ်သွားတော့သည်။ ထို့နောက် ကိုအာလာဝက်ဝံတစ်ကောင်နှယ် သွမ့်မင်ယန်၏  ​လက်မောင်းနှစ်ဖက်အကြား မှီတွယ်ကာထားရင်းက ဝမ်းနည်းပူဆွေးစွာဖြင့် တစ်ရှုံ့ရှုံ့ရှိုက်ငို​တော့သည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now