(၆၀)

6.6K 872 89
                                    

{Unicode}

အခန်း(၆၀)

သူနှင့် စုကျစ်ရပ်နေသည့် စင်္ကြံထောင့်တစ်နေရာမှာ တစ်လောကလုံးနှင့် စည်းခြားထားသည့်အလား တိတ်ဆိတ်ငြိမ်ကျသွားသည်။

" စိတ်ကူးယဥ်စရာ ?၊ ကျွန်တော်တော့ မိုက်မဲတယ်လို့ပဲ ခံစားရတယ် "

လီလော့၏ နှုတ်ခမ်းတွေသည် ပြုံး၍နေကာ မျက်ဝန်းတွေကလည်း တစ်ဖျတ်ဖျတ်တောက်ပလျက်။

" အဲ့လို ရူးပုံမျိုး၊ တုံးကလည်း တုံးလိုက်သေး "

စုကျစ်သည်လည်းပဲ ပြုံးလိုက်ပြီး

" အဲ့လိုထင်တယ်ဆို သူ့ကို အလင်းပြပေးမှပဲ ရတော့မှာ "

" ဟုတ်တယ်၊ အလင်းပြပေးမှ ရမယ် "

လီလော့သည် နားနေခန်းရှိရာဘက်ဆီ လျှောက်သွားပြီး တံခါးလက်ကိုင်ဘုကို ကိုင်ပြီးကာမှ နောက်သို့ ပြန်လှည့်၍

" Mrs.စု "

" ရှင် ? "

" ဆောရီးဗျာ "

စုကျစ်သည် ခဏမျှကြောင်သွားပြီးမှ သဘောပေါက်သွားဟန်ဖြင့် ပြုံးလိုက်ကာ

" တောင်းပန်ဖို့မလိုပါဘူး၊ ပုံကို ရှင် ထည့်ခဲ့တာလည်း မဟုတ်ဘဲ၊ ပြောချင်းပြော၊ ကျေးဇူးတင်ပါတယ်ဖြစ်ရမှာ၊ တကယ်လို့ ကျွန်မပုံကိုသာ ထည့်မထားခဲ့ဘူးဆို ဒီတစ်လျှောက်လုံး တိုက်ခိုက်ခံရမဲ့သူက ရှင်ဖြစ်သွားနိုင်တာမို့လေ "

စုကျစ် သူ့ကို ကျီဆယ်လို၍ပြောမှန်း သိသည့်တိုင် လီလော့သည် လေးနက်စွာဖြင့်

" တကယ်ကို ကျေးဇူးပါဗျာ၊ နောက်များ ကျွန်တော့်အကူအညီ လိုခဲ့ရင် ပြောသာပြော၊ ကူညီဖို့ အသင့်ပါပဲ "

" ရှင် ပြောတာနော် "

စုကျစ်က အပြုံးဖြင့်

" တကယ်လို့များ တို့နဲ့ ပြတ်ဆဲလိုက်တဲ့ တစ်ယောက်က တို့အကြောင်း သွားပုပ်လေလွင့် ပြောလာခဲ့ရင်၊ အဲ့ခါကျ ဝန်းရံပေးရမှာနော် "

" အိုကေဗျာ၊ ခင်ဗျားက သူထိပါးချင်တိုင်း ထိပါးလို့ရမဲ့ မိန်းမတစ်ယောက် မဟုတ်ဘူးဆိုတာ နားလည်သွားအောင်ကို လုပ်ပေးလိုက်မယ် "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now