(၆၁)

6.9K 860 69
                                    


{Unicode}

အခန်း(၆၁)

အခန်းအတွင်း တိတ်ဆိတ်မှုက တစ်ဖန်ကြီးစိုးလို့ သွားပြန်သည်။

သွမ့်မင်ယန်သည် သူ့ခြေရင်းတွင် ဒူးထောက်ဝပ်ဆင်းနေသူအား ငုံ့မိုးကာ စိုက်ကြည့်လိုက်ရင်း

" Mr.လီ၊ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲပြတဲ့ အကွက်မျိုး ထုတ်သုံးလာပြန်ပြီလား "

လီလော့သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကို ပြန်ကြည့်လာသည်။ မတိုင်မီက ရှိနေခဲ့သည့် အထက်စီးဆန်ဆန်မျက်ဝန်းတွေသည် ခုတော့ဖြင့် အပြစ်ကင်းမဲ့ကာ ရိုးစင်းကြည်လင်သည့်အသွင်ဆောင်နေ၏။

" မသုံးရပါဘူး "

လီလော့၏ ချောမောသန့်ရှင်းသည့် မျက်နှာသည် ရှေ့သို့ အနည်းငယ် ညွှတ်လာပြီး သခင့်ဆီမှ မျက်နှာသာရဖို့ရန် တောင်းခံနေသည့် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်နှယ် သွမ့်မင်ယန်၏ ခြေထောက်အား အသာတိုးခွေ့နေသည်။

" ငါက မင်းထင်နေသလိုမျိုး နုနယ်ပျက်စီးလွယ်တဲ့သူ မဟုတ်သလို မာနကြီးတတ်တဲ့သူလည်း မဟုတ်တဲ့အကြောင်း သိစေချင်ရုံရယ်ပါ၊ အနည်းဆုံးတော့ ငါဟာ မင်း တစ်ယောက်တည်းရဲ့ ရှေ့မှောက်မှာပဲ ရိုကျိုးတတ်သလို မင်း အထင်ကြီးသွားစေနိုင်မဲ့ ဘယ်အရာကိုမဆို လုပ်ပေးဖို့အတွက်လည်း ဆန္ဒရှိတယ်၊ ငါက အရမ်းကိုမှ လိမ္မာတဲ့ သူမျိုးပါ၊ စိတ်ချလက်ချနဲ့ အိမ်ခေါ်သွားပြီး မွေးထားကြည့်လို့ရတယ်လေ "

သွမ့်မင်ယန်သည် လီလော့ ပခုံးပေါ် လက်တင်လိုက်ပြီး

" Mr.လီ၊ ခုလောက်ထိ မင်းကိုယ်မင်း အောက်ကျခံပြီး ခယနေဖို့ မလိုပါဘူး "

" အောက်ကျတယ်လား၊ ငါတော့ အဲ့လို မထင်ပါဘူး "

လီလော့သည် ဒူးထောက်လျက်သားရှိနေဆဲ။

" အချစ်မှာ အောက်ကျတယ်ဆိုတာမျိုး ဘယ်ရှိမှာတဲ့လဲ၊ ငါလိုချင်တဲ့ အချစ်ကို ရဖို့ဆို ဟိုးအောက်ဆုံးထိ နိမ့်ကျသွားတော့ရော ဘာအရေးလဲ "

လီလော့သည် သူ့ ပခုံးပေါ် တင်ထားသည့် သွမ့်မင်ယန်၏ လက်ကို အပေါ်မှ အုပ်ကိုင်ကာ လက်ချောင်းချင်း ယှက်တွယ်လိုက်သည်တွင် ဝတ်ဆင်ထားသည့် လက်စွပ်နှစ်ကွင်းမှာလည်း ထိကပ်၍သွားကြသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now