အချပ်ပို (၁၁)

2.7K 420 24
                                    

{Unicode}

အပိုင်းနှစ် - ဆူညံပါသည့် စားသောက်ဆိုင် (၅)

ပထမနေ့တွင် ကောင်းမွန်စွာ စတင်နိုင်ခဲ့သည့်အတွက် ကျန်ခရီးစဥ်တစ်လျှောက်လုံးသည် အံ့အားသင့်ဖွယ်ကောင်းအောင်ပင် ချောမွေ့နေခဲ့သည်။

သို့တိုင်အောင် အဖုအထစ် အနည်းငယ်မျှတော့ ကြုံတွေ့ရပါ၏။

တစ်ရက်တွင်ဆိုပါလျှင် ရှရှီးအိုက်၏ လက်ချောင်းသည် မတော်တဆ ထိခိုက်ဒဏ်ရာရသွားသည်။ ကျန်းလျို့ရှဲန်းမှာ အလွန်တရာ စိတ်မကောင်းဖြစ်နေပြီး ရှရှီးအိုက် ရေမကိုင်ရစေရန်အတွက် ပန်းကန်ဆေးရာထူး လွှဲပြောင်းယူလိုက်ပြီး စိတ်ပါလက်ပါဖြင့် စေတနာ့ဝန်ထမ်းလုပ်ပေးသည်။ ရလဒ်အနေဖြင့် ထိုနေ့ သူတို့၏ မီးဖိုခန်းထဲတွင် အသံဗလံမျိုးစုံကြားရကာ သွမ့်မင်ယန်သည် အေးစက်စွာဖြင့် ကျန်းသခင်လေး ကျကွဲသွားသည့် ပန်းကန်အကွဲအပဲ့တွေကို ကူရှင်းပေးခဲ့ရသည့်အပြင် ​ပုံပျက်ပန်းပျက် သင်ထား၊ လှီးထားသည့် ဟင်းသီးဟင်းရွက်များ၊ တူးနေအောင် ​ကင်ထားသည့် အမဲသားကင်စသည်တို့ကို အနောက်မှနေ၍ လိုက်ပြုပြင်ပေးနေရတော့သည်။ အဆုံးတွင် သွမ့်မင်ယန်သည် အံကြိတ်ထားရပြီး သွေးကြောများ ထောင်ထလာသည်အထိ လက်ကို တင်းတင်းဆုပ်ထားမိရ၏။

" Mr.ကျန်း၊ တဆိတ်လောက် ဒီလိုအကျိုးမဲ့တဲ့ အလုပ်တွေ ရပ်ပေးလို့ ရမလား "

ကင်မရာရှေ့တွင် ထိုသို့ ပြောလိုက်ခြင်းက အမှန်တကယ်ကိုမှ ကြမ်းတမ်းသည့် အပြုအမူပင်။

တခြားတစ်ယောက်က ပြောလာသည် ဆိုလျှင်တော့ဖြင့် ကျန်းလျို့ရှဲန်းသည် အပြုံးလေးနှင့် သူ့အမှားကို ဝန်ချတောင်းပန်ပြီးဖြစ်ပေမည်။ သို့သော်လည်း သွမ့်မင်ယန်က ထိုသို့အေးစက်စက် အပြစ်တင်လာသည့်အခါတွင်ကား သူ့ကို အနည်းငယ် အရှက်ရသွားစေပြီး ပြန်ခံကာ ငြင်းခုန်တော့၏။

" ဒါမျိုးလုပ်ရတာ ငါ့အတွက် ပထမဆုံးပဲ၊ ပြီးတော့ လုပ်ရတာကလည်း အရမ်းများလွန်းတဲ့ဟာကို နည်းနည်းလေးတော့ အမှားလုပ်မိမှာပေါ့၊ မင်း ဒီလောက်လေးကို သည်းခံမပေးနိုင်ဘူးလား "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now