(၄၈)

6K 835 111
                                    


{Unicode}

အခန်း(၄၈)

နားထဲတွင် သွမ့်မင်ယန်၏ စကားသံသည် ကျယ်လောင်စွာမြည်ဟည်း၍ ကျန်ခဲ့ကာ စက္ကန့်ပိုင်းမျှရှိခါမှ ထိုစကား၏ အဓိပ္ပာယ်ကို သေချာနားလည်သွားသည်။ လီလော့သည် ခုတင်ပေါ် ထိုင်နေရာမှ ထရပ်လိုက်မိပြီး သွမ့်မင်ယန်ကို ကိုင်လှုပ်လိုက်ကာ

" တကယ်ကြီးလား "

" ဘာသက်သေလဲ .. ဘယ်က ရတာလဲ .. အဲ့ဒါနဲ့ တကယ်ကိုပဲ အမှုကို ချေဖျက်လို့ ရနိုင်တယ်ပေါ့ "

သွမ့်မင်ယန်သည် ခဏချင်း ပြန်မဖြေ။ အိပ်ခန်းတွင်းရှိသည့် ဆိုဖာပေါ် သွားထိုင်ပြီး စားပွဲပေါ်ရှိ ဝိုင်ကို ခွက်ထဲ ငှဲ့ထည့်နေလိုက်သေး၏။ ထို့နောက် တစ်ငုံမျှ အရသာခံကာ သောက်လိုက်ရင်း ဖြည်းဖြည်းချင်းဆိုလာသည်။

" မုသားသက်သေ ထွက်ဆိုပေးခဲ့တဲ့ သူတစ်ယောက်က အဲ့တုန်းက ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဝန်ခံလာလို့ "

" ဘာကြောင့် .. မင်း သူ့ကို ဖိအားပေးလိုက်လို့လား "

သွမ့်မင်ယန်သည် လီလော့အား တစ်ချက်မျှ စွေကြည့်လိုက်ကာ

" Mr.လီက ကိုယ့်ကိုဆို ဆိုးသွမ်းရက်စက်တဲ့သူလို့ပဲ ထင်နေတာလား .. ဟုတ်တာပေါ့ .. ကိုယ့်အခြေအနေနဲ့ ဖိအားပေးလို့ ရနိုင်သားပဲ .. ဒါပေမဲ့ ကိုယ် အဲ့လိုလုပ်မယ်ဆို သွမ့်အိမ်က လူကြီးမင်း နှစ်ယောက်ရဲ့ အာရုံစိုက်စရာတွေ ဖြစ်ကုန်လိမ့်မယ် .. စွန့်စားရဖို့ မတန်ဘူး .. ခုဟာက သူဌေးကျိုးဘက်ကနေ တာဝန်သိစိတ်နဲ့ ဝန်ခံလာတာ "

" သူ့သဘောနဲ့သူ ? .. ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး အသိစိတ် ဝင်သွားရတာလဲ "

" ဖြစ်ချင်တော့ ဒီတစ်ခေါက် ကိစ္စမှာ သူလည်းပဲ ပါသွားတယ်လေ .. သူနဲ့ ပတ်သက်နေတဲ့ နစ်နာသူ ကလေးမလေး တစ်ယောက်ဆီမှာ အပြန်အလှန် စာပို့ထားတဲ့ ရီကော့တွေ ရှိနေတယ် .. အရင်တုန်းကတည်းက ကိုယ် သူ့ကို သက်သေခံပေးဖို့ ငွေနဲ့ စည်းရုံးခဲ့ဖူးသေးတယ် .. သူက လက်မခံခဲ့ဘူးလေ .. ရဲဘက်ကို ပေးပို့တဲ့ သက်သေပစ္စည်းတွေထဲ သူနဲ့ဆိုင်တဲ့ဟာတွေ ပါနေမှန်းသိမှ ကိုယ့်ကို အရင်ဆက်သွယ်လာတာ "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now