(၇၉)

6.8K 751 24
                                    

{Unicode}

အခန်း(၇၉)

" အထဲမှာ တစ်ယောက်ယောက်ရှိနေတာလား "

တန့်လျန်သည် တံခါးအဟကြားလေးမှနေ၍ လှမ်းကြည့်လိုက်သည်တွင် နားနေခန်းအတွင်း မီးလင်းနေသည်ကို တွေ့လိုက်ပြီး သူ့အနောက်ဘက်တွင်ရှိနေသည့် စတိုင်လစ်ကို လှမ်းမေးလိုက်သည်။

စတိုင်လစ်က

" ဒီသော့တွေ အကုန်လုံးနဲ့ စမ်းဖွင့်ပြီးပြီ၊ တစ်ခုနဲ့မှ ဖွင့်လို့ မရဘူး၊ ဒီမှာ ခုန ပေးလိုက်တဲ့ သော့တွေ၊ တံခါး ခေါက်ကြည့်တော့လည်း ဘယ်သူမှ ပြန်မဖြေဘူး၊ တကယ်ကိုပဲ အထဲမှာ တစ်ယောက်မှ မရှိ ... "

သို့သော်လည်း တံခါးပွင့်သွားသည့်အချိန် အတွင်းဘက်တွင်ရှိနေသူကို တွေ့လိုက်ရသည့်အခါ ပြောလက်စ စကားပင် ဆက်မပြောနိုင်အောင်ဖြစ်သွားရသည်။

" ဘယ်သူ တံခါး လာခေါက်လို့လဲ "

" Mr.သွမ့် "

ဆိုဖာပေါ်တွင်ထိုင်နေပါသည့် အမျိုးသားသည် သူရဲကောင်းဆန်ဆန် မျက်နှာအမူအရာ ခပ်တင်းတင်းဖြင့် မျက်လုံးများကို မှေးမှိတ်၍ထားကာ  ခြေထောက်တစ်ဝိုက်ကို အနက်ရောင်ကုတ်အင်္ကျီနှင့် ဖုံးအုပ်လို့ထားသည်။ အနေအထားမှာ ခဏတာမျှ မှေးအိပ်နေပုံပေါ်သည်။ သူ့နာမည်ကို ခေါ်သံ ကြားလိုက်ရသည်တွင် မှေးပိတ်ထားသည့် မျက်ဝန်းအစုံက ပွင့်လာပြီး လှည့်ကြည့်ကာ အသာပင် "ဟမ်" ဟု ပြန်ထူးသည်။

တန့်လျန်အနောက်တွင်ရှိနေသည့် စတိုင်လစ်သည်လည်း တံခါးမှနေ၍ လိုက်ဝင်လာသည်။ အခန်းထဲတွင် လူစိမ်းရောက်နေသည်ကို တွေ့လိုက်ရသည့်အခါ တစ်ချက်မျှသာ ကြည့်လိုက်ပြီး ခါတိုင်းလိုပင် လီလော့ကို မေးလိုက်သည်။

" လော့ကော၊ ဘာလို့ ခုထိ ဝတ်စုံ မလဲသေးတာတုန်း၊ ပြောတော့ သွားစရာရှိတယ်ဆို "

အပေါက်ဝကို ကျောပေးထားလျက် မှန်တီခုံကို မှီရပ်နေသည့် လီလော့သည် စတိုင်လစ်၏ အမေးကို ကြားလိုက်ရသည်တွင် ခန္ဓာကိုယ်က မသိမသာ တုန်ခါလို့သွားသည်။ သို့သော် ပြန်လှည့်ကြည့်မလာသလို ဘာစကားမှလည်း မဆိုချေ။ သူသည် ခေါင်းကို အနည်းငယ် ငုံ့လို့ထားပြီး မျက်နှာပေါ်တွင် ပေကျံနေသည့် တစ်စုံတစ်ရာကို ဖျက်ပစ်နေပုံရသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now