(၂၀)

6.4K 906 54
                                    


{Unicode}

အခန်း(၂၀)


အနေအထားသည် ခေတ္တမျှ ကသိကအောက်ဖြစ်သွားရ၏။ ဦးစွာ ပုံမှန်ပြန်ဖြစ်သွားသူမှာ လီလော့ဖြစ်ပြီး အပေါ်ယံ အပြုံးနှင့်အတူ နှုတ်ဆက်လိုက်သည်။

"ဟယ်လို"

သွမ့်မင်ယန်နှင့်ဆိုလျင်တောင် ထွေကာလီကာ ဟာသတွေပြောထွက်နိုင်သေးသော်လည်း သွမ့်ရှင်းယဲ့နှင့်ဆိုလျင် လီလော့သည် မည်သည့်စကားကိုမှ ပြောဖို့ရာ စိတ်ဝင်စားမနေ။

ဘက်မလိုက်တမ်း ပြောရမည်ဆိုလျင် သွမ့်ရှင်းယဲ့သည် ဉာဏ်ပညာကြီးမားမည့်ပုံပေါ်သည့် မျက်နှာအမူအရာနှင့် ညီဖြစ်သူထက် ပို၍ကြင်နာတတ်ဟန်ရှိ၏။ သတင်းစာနှင့် မဂ္ဂဇင်းမျက်နှာဖုံးထက်တွင်ဖြစ်စေ၊ ဂုဏ်ပြုညစာစားပွဲများနှင့် မည်သည့်အခမ်းအနားတွင်မဆို ထိုသူ၏ပုံစံသည် ချဥ်းကပ်ရလွယ်ကူသည့် သူတစ်ယောက်အလား ထင်သွားကြမည်သာ။ အမြဲတမ်းပြုံးနေတတ်ကာ စကားအပြောကောင်းသည်ဟူ၍လည်း နာမည်ကြီးသည်။ စီးပွားရေးလောကတွင် သွမ့်ရှင်းယဲ့ဟူလျင် မသိသူမရှိသည့်အပြင် စံဥပမာပြစရာ သခင်ငယ်တစ်ယောက်အနေနှင့်တောင် ညွှန်းဆိုကြသူတွေရှိ၏။

သွမ့်ရှင်းယဲ့နှင့် လက်ဆက်ချင်ကြသည့် သူဌေးသမီးငယ်တွေကလည်း ရေတွက်လို့ မရနိုင်အောင်ပင်။ သို့ရှိနေခဲ့ရာမှ ပြီးခဲ့သည် နှစ်အနည်းငယ်လောက်တွင် သွမ့်ရှင်းယဲ့သည် အဆိုတော်တစ်ဦးဖြစ်သူ စုကျစ်နှင့် ရုတ်တရက်ကြီး လက်ထပ်လိုက်လေရာ အမျိုးသမီးငယ်များစွာမှာ အသည်းကွဲကာ ကျန်ခဲ့ရတော့၏။

ချမ်းသာသည့် အသိုင်းအဝိုင်း၏ စည်းမျဥ်းတွေကို ဆန့်ကျင်ကာ သာမန်အဆိုတော်တစ်ဦးကို ရွေးချယ်ခဲ့ခြင်းကလည်း သွမ့်ရှင်းယဲ့ကို ပို၍ အကောင်းမြင်သွားကြစေသည်။ သွမ့်ရှင်းယဲ့နှင့် သိပ်မရင်းနှီးသည့် လူတွေကပင် စစ်မှန်သည့်လူကြီးလူကောင်းတစ်ယောက်အဖြစ် ချီးကျူးပြောဆိုကြသည်။ ထိုအကျိုးဆက်တွေ၏ အထောက်အပံ့နှင့် သွမ့်ရှင်းယဲ့မှာ စီးပွားရေးလောကတွင် အလွန်မျက်နှာပွင့်ခဲ့သည်။ လူအများနှင့် ခပ်တန်းတန်းနေကာ လူမှုဆက်ဆံရေး ညံ့ဖျင်းသည့် တရားမဝင် ညီငယ်တစ်ယောက်နှင့် နှိုင်းယှဥ်လိုက်သည့်အခါတွင်ကား သွမ့်ရှင်းယဲ့သည်သာ အကောင်းဆုံးသော စံပြသားကြီးတစ်ယောက်ဖြစ်လာရတော့သည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now