(၂၁)

6.1K 938 21
                                    


{Unicode}

အခန်း(၂၁)

ကိုယ့် ခြေထောက်ပေါ် ကောင်းကောင်းပြန်ရပ်နိုင်ဖို့ရန် လီလော့မှာ တစ်ရက်လုံးလုံး အိမ်ထဲအောင်းပြီး လှဲလျောင်းနေလိုက်ရ၏။

အိပ်ရာပေါ်မှ ပြန်ထနိုင်ချင်းချင်း အရင်ဦးဆုံး လုပ်သည်က အသံသွင်းကိရိယာဆီမှ သွင်းယူထားသည့်အသံများကို ပြန်လည်ကူးယူခြင်းဖြစ်သည်။ ကော်ပီမကူးခင် ဖြတ်တောင်ထားခြင်း မပြုရသေးသည့် မူရင်းဖိုင်ကို အရင် သိမ်းထားလိုက်သည်။ မလိုအပ်သည့် စကားများနှင့် တိုက်ခိုက်သတ်ပုတ်နေသည့် အသံများကိုမူ ဖြတ်ထုတ်လိုက်ကာ သွမ့်ရှင်းယဲ့ နောက်ဆုံးပြောထားသည့် စကားနားတွင် အဆုံးသတ်လိုက်၏။ ပြီးသည်နှင့် သွမ့်မင်ယန်ဆီ ဖုန်းဆက်ကာ ဆုံကြမည့်နေရာကို ချိန်းဆိုသည်။

သွမ့်မင်ယန်က သူ့အိမ်မှာ တွေ့ကြဖို့ရန် ပြောလာသည်။ လီလော့သည် တွေဝေခြင်း အလျင်းမရှိဘဲ လက်ခံလိုက်၏။

ပုံမှန်အတိုင်းဆိုလျင် သူသည် ချိန်းဆိုခံရသည့်နေရာနှင့်ပတ်သက်၍ သတိထားလေ့ရှိသော်လည်း သွမ့်ရှင်းယဲ့ဆီမှ အရှက်ရဖွယ်ရာကိစ္စနှင့် တွေ့ကြုံပြီးသွားသည့်အခါ သွမ့်မင်ယန်ကို ​အန္တရယ်ပေးနိုင်သူအဖြစ် မမြင်မိတော့။

အနည်းဆုံးတော့ သွမ့်မင်ယန်သည် သူ့ကို တစ်ခါလေးတောင် မရိုက်နှက်ခဲ့ဖူးပါချေ။

ဧည့်ခန်းရှေ့တွင်တော့ သူ၏ လက်ထောက်လေးတန့်လျန်သည် လီလော့အတွက် လုပ်ဆောင်ဖို့ရန်ရှိသည်တို့ကို တက်ကြွစွာ စီစဥ်နေသည်။ အိမ်နေရင်း ဝတ်စုံကို လဲထားပြီးသည့်အပြင် အပြင်ထွက်ဖို့ အပြင်အဆင်များနှင့် ထွက်လာသည့် သူ၏သူဌေးကို တွေ့လိုက်ရသည့်အခါ တန့်လျန်မှာကြောင်တောင်တောင်လေးနှင့်

"ကော .. ဒီလောက်တောင် နောက်ကျနေပြီဟာကို .. ဘယ်သွားဦးမို့လဲ ?"

"ငါ့ လက်ထောက်လေး မသိလဲရတဲ့ ကိစ္စပါနော် .. မင်း ကိစ္စပြီးရင် ပြန်လို့ရပြီ .. ငါ့ကို မစောင့်နဲ့တော့"

တန့်လျန်သည် မကြားတစ်ကြားဖြင့်

"တစ်နေကုန် အိပ်နေပြီး ညလည်းရောက်ရော တက်ကြွနေတော့တာပဲ .. ဒါက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမူအကျင့် မဟုတ်ဘူးနော် လော့ကော .. ပြီးတော့ ခြေထောက်ကလည်း ဒဏ်ရာရထားသေးတာ မနေ့ကလေးတင် .. ခုတော့ ဘယ်မှ မသွားသင့်သေးဘူး ထင်တယ်နော် .. တစ်ယောက်ယောက်နဲ့ တွေ့ဖို့ရှိတယ်ဆိုရင်တောင် နောက်ရက်ကို ချိန်းလိုက်လို့ မရဘူးလား ?"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now