(၃၉)

6.1K 844 49
                                    


{Unicode}

အခန်း(၃၉)

ဤသို့သော လူမှုကူညီရေး အခမ်းအနားမျိုးကို တက်ရောက်လာကြသူ အများစုမှာ လူထုဆီမှ ကောင်းမွန်သည့် အမြင်ကို လက်ခံယူကာ ပွဲတက်လာသူများနှင့် ဖြတ်သွားဖြတ်လာများဆီမှ အမြတ်ထုတ်စရာတစ်ခုခုကို မျှော်ကိုးလေ့ရှိကြသူများသာ။ အမှန်တကယ် လူမှုကူညီရေးကို ရှေးရှုကာ လက်တွေ့ဖော်ဆောင်ကြသူများကမူ လက်တစ်ဆုပ်စာမျှသာရှိ၏။

လီလော့ ထိုင်နေသည့် စားပွဲတစ်ခုအတွင်းမှာပင် စီးပွားရေးသမားတို့ မျက်စိကျစရာ ခေါင်းစဥ်နှစ်ခုရှိနေလေပြီ။

ကျန်းလျို့ရှဲန်းနှင့် ရှရှီအိုက်တို့လို နာမည်ကြီးစတားတွေသည်လည်း ယခုညအတွက် ရှာဖွေမှုအများဆုံး ထိပ်ဆုံးဇယားတွင် ရောက်နေကြသည်။ ဤသည်မှာ ပုံမှန်အတိုင်းဖြစ်သော်ငြား မထင်မှတ်ထားသည်က သွမ့်မင်ယန်သည်လည်း ရှာဖွေမှုအများဆုံးဇယားထဲ ပါဝင်နေတာဖြစ်ပါ၏။

သွမ့်မင်ယန်၏ စင်မြင့်ထက်တွင် တက်ရောက်ပြောကြားနေသည့် ဗီဒီယိုကလစ်အား သတင်းထောက်တစ်ယောက်က သတင်းရေးတင်လိုက်ရာမှ အင်တာနက်သုံးစွဲသူများအကြား ရေပန်းစား ပျံ့နှံ့လို့သွားသည်။

[ ဒီအမျိုးသားရဲ့ Live ကို ကြည့်လိုက်ရတဲ့အချိန် ငါ့မှာ ဆွံ့အသွားရတော့တာပဲ .. အဲ့တာနဲ့ အပြေးအလွားလေး ရှာကြည့်လိုက်တော့ သွမ့်မိသားစုရဲ့ ဒုတိယသခင်လေးဖြစ်နေပါရော့လား .. ဘုရားရေ .. ဘယ်လိုတောင် မေရီစူးဆန်လိုက်သလဲလို့ .. ပိုင်ဆိုင်မှုကလည်း မီလျံရာကျော်နော် .. ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ဆယ်ခုစာရင်းဝင်ထားတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့အပြင် ရုပ်ရည်ကလည်း ချောမောခန့်ညားချက် .. တကယ်ပါအေ .. အားလုံးအပြစ်ပြောစရာကို မရှိတော့ဘူး ]

ဖြတ်သွားဖြတ်လာများမှာ ရတနာတစ်ပါး ရှာတွေ့သွားသည့်အလား ချီးကျူးထောမနာပြုကြကာ ထိုဗီဒီယိုကလစ်အား ပြန်လည် ရှဲယ်ယူကြပြန်သည်။ သွမ့်မင်ယန်မှာ Weibo ပေါ်တွင် တင်လေ့တင်ထ မရှိလေရာ အင်တာနက်ပေါ်တွင် ရှာဖွေနိုင်သမျှ အချက်အလက်များက နည်းပါးလွန်းလှသည်။ ဖြစ်နိုင်မည်ဆိုပါလျင် သွန့်မင်ယန်၏ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မျှအထိ တူးဖော်ရှာဖွေလိုကြသည့် သူတွေဖြစ်ကြသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now