(၇၄)

6.5K 846 58
                                    

{Unicode}

အခန်း(၇၄)

လီလော့ အိပ်ရာမှ နိုးလာချိန်တွင် ပြင်ပကမ္ဘာသည် မှုန်ရီနေဖြစ်ပြီး ခပ်ဝါးဝါး အလင်းရောင်သည် ပြတင်းတံခါးဆီမှ ဖြတ်ဝင်လာ၏။ သူသည် မျက်လုံးအပွင့်လိုက်သားဖြင့် မီးခိုးရောင်မျက်နှာကျက်ဆီ အချိန်အတော်ကြာသည်အထိ ငေးမောနေပြီးမှ လက်ရှိရောက်နေသည့်နေရာကို ပြန်အမှတ်ရလာသည်။

မြို့လည်ကောင်ရှိ အဆင့်မြင့် ဟိုတယ်များနှင့်ယှဥ်လျှင် စတူဒီယိုအနီးရှိ ဟိုတယ်သည် သိသိသာသာကိုပင် စိတ်ကသိကအောက်ဖြစ်စရာ ကောင်းသည်။ အခန်းအနေအထားက ကျပ်ညပ်နေပြီး ခေါင်းအုံးများကလည်း မာကျောလွန်းလှသည်။ လေအေးပေးစက်မှာလည်း တစ်ခုခုမှားယွင်းနေဟန်ရကာ လေပူထွက်သည့်ဘက်ရှိ ခန္ဓာကိုယ် တစ်ခြမ်းက အရမ်းပူနေပြီး အခြားဘက်ခြမ်းကမူ အေးစက်နေသည်။

လီလော့သည် သမ်းဝေလိုက်ရင်းက အေးစက်နေသည့်ဘက်အခြမ်းအား ပူနွေးနေသည့် နေရာဆီ ပြောင်းလှည့်လိုက်သည်။ ထိုအခါတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးသည် ခုတင်နံ့ရံဘက်ဆီ ရောက်ရှိလို့သွား၏။

ယခုမှပင် နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာရှိသွားတော့သည်။

လီလော့သည် နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်သည်။

သို့သော်လည်း ငါးမိနစ်အကြာတွင် သူ့မျက်စိတွေသည် ရုတ်ခြည်းပြန်ပွင့်လာ၏။ သူ မှတ်မိသလောက် ဤဟိုတယ်ရှိ ခုတင်သည် နံရံဘက်ဆီ တိုးကပ်ထားတာ မဟုတ်သလိုပင်။

လီလော့သည် မျက်လုံးအသာဖွင့်ကြည့်လိုက်၏။ ဦးစွာမြင်လိုက်ရသည်က သူ့ဘေးနားတွင် ရှိနေသည့် အမျိုးသားတစ်ဦး၏ အနည်းငယ် ပွင့်သယောင်ယောင်ရှိနေသည့် နှုတ်ခမ်းနှစ်လွှာကိုပင်။ ထိုသူသည် နှစ်ခြိုက်စွာ အိပ်မောကျနေပြီး အသက်ရှူထုတ်လိုက်လေတိုင်း ပူနွေးနွေး လေငွေ့တို့က လီလော့၏ မျက်နှာဆီ လာရိုက်ခတ်သည်။

လီလော့သည် နောက်သို့အနည်းငယ်ဆုတ်ပြီး ကြည့်လိုက်သည့်အခါ အနှီသူ၏ မျက်နှာတစ်ခုလုံးသည် ခပ်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now