(၃)

7.8K 961 21
                                    


{Unicode}

အခန်း(၃)

ရုံးခန်းတွင်းမှ နှင်ထုတ်ထားခံရရှာသည့် တန့်လျန်သည် လီလော့ ကုမ္ပဏီထဲက ထွက်လာခါမှပဲ တစ်ဖန်ပြန်ကပ်ရတော့၏။ မြို့ပြင်ဘက်က အိမ်တော်ဆီ သူ့ Boss နှင့် အတူပြန်လိုက်လာသည်။

အိမ်ထဲရောက်ရောက်ခြင်းမှာပင် ကားထဲက လက်ဆောင်တစ်ပုံတစ်ပင်ကို ထုတ်ယူကာ ခါတိုင်းလိုပင် ဖန်တွေဆီမှ လက်ဆောင်တွေ သိမ်းထားသည့်အခန်းထဲ နေရာချရသည်။ ထိုသို့လုပ်ရုံနှင့်တင် သူ့မှာ ချွေးပြန်လာ၏။

အခန်းထဲတွင် လေးထောင့်ပုံးတွေ အစီအရီစီထားကာ တစ်ချို့မှာ စာတွေထည့်ရန်၊ တစ်ချို့မှာ Handmade ပစ္စည်းလေးတွေထည့်ရန် စသည်ဖြင့်ခွဲခြားထားသည်။ အခန်း၏ ထောင့်တစ်နေရာတွင် နံရံကပ်စင်တွေရှိကာ လီလော့ ပွဲဦးထွက်ချိန်မှစ၍ ရရှိထားသည့် ဆုအမျိုးမျိုးနှင့် အထိန်းအမှတ်ပစ္စည်းတွေကို နေရာတကျစီကာထား၏။

ခရီးထွက်နေတာ ဆယ့်နှစ်ရက်မျှမက ကြာသွားပြီဖြစ်လေရာ စင်ပေါ်ရှိ ပစ္စည်းတွေတွင် ဖုန် အနည်းငယ် တင်နေလေပြီ။

အထိန်းအမှတ်ပစ္စည်းတွေထဲတွင် တန်ဖိုးအကြီးဆုံးဆုများမှာ တစ်နှစ်တာအတွင်း ကျော်ကြားမှုအရှိဆုံးဆုနှင့် ရုပ်ရှင်ထူးချွန်ဆုများပင်။ လီလော့သည် ထိုဆုတွေကို လေးနှစ်တိုင်တိုင် သိမ်းပိုက်ထားနိုင်ခဲ့သည်။

သို့သော်ငြား ကျော်ကြားမှုအရှိဆုံးဆိုသည့်ဆုဆိုသည်က သရုပ်ဆောင်ထူးချွန်ဆုနှင့် နှိုင်းယှဥ်၍ မရစကောင်းပေ။ အားပေးထောက်ခံသည့် ဖန်အင်အားတောင့်စေဦး၊ မင်းသားကိုယ်တိုင်က သရုပ်ဆောင်ပညာပိုင်းတွင် တစ်ကယ်ကို ထူးချွန်နေမှရပေမည်။

ဤသို့ပြော၍ လီလော့သည် သရုပ်ဆောင်ပညာပိုင်းတွင် မထူးချွန်ဘူးဟု ဆိုလိုချင်တာမဟုတ်ပြန်ပေ။ တန့်လျန်ဘက်က မြင်မိသလောက် ပြောရမည်ဆိုပါလျင် သူ့ လီကောသည် ခုထက်ပိုပြီး အနည်းငယ်မျှ အာရုံစိုက်လိုက်ရုံနှင့်တင် ကျန်းလျို့ရှဲန်ကဲ့သို့ အငယ်ဆုံးသရုပ်ဆောင်ထူးချွန်ဆုကို အသာလေး သိမ်းပိုက်ထားနိုင်လောက်၏။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now