(၂၉)

6.3K 935 65
                                    


{Unicode}

အခန်း(၂၉)

သွမ့်မင်ယန်သည် ခုညအဖို့ စကားတွေကို အများကြီး ပြောလိုက်ရသည်။ ပြန်လာသည့် လမ်းတစ်လျှောက် ပြောဆိုလာကြသည့်အထဲ စီးပွားရေးလောကအတွင်း လက်ရှိဖြစ်ပျက်နေသည့် အကြောင်းအရာများအပြင် မြို့တော်အတွင်းရှိ လူကုံထံများ၏ တိတ်တိတ်ပုန်းကိစ္စတွေအထိပါ ပါဝင်သည်။ စီးပွားရေးရာကိစ္စရပ်များနှင့် ထဲထဲဝင်ဝင် လုပ်ကိုင်နေကြသူများဆိုပါမူ ဤသို့သော သတင်းများသည် ရတနာတစ်ပါးလိုပင် တန်ဖိုးရှိမည်ဆိုသော်ငြား နားထောင်နေသူမှာ လီလော့ဖြစ်လေရာ သွမ့်မင်ယန်၏ စကားတို့သည် နားတစ်ဘက်က ဝင်ကာ အခြားနားတစ်ဘက်မှ ထွက်သွားကုန်ကြ၏။ သူ့မိသားစုအရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာ ဖြစ်မနေဘူးဆိုပါလျင် လီလော့သည် ခေါင်းထဲ ဘာမှ မှတ်မနေပေ။

ထို ပျင်းရိဖွယ်ကောင်းကာ ရှည်လျားလှသည့် ခွဲခြမ်းစိတ်ဖြာမှုတွေထက် သူ ပိုပြီး စိတ်ဝင်စားနေသည်က ညနေစာအတွက် သွမ့်မင်ယန် မည်သို့စီစဥ်ထားသလဲ ဆိုသည်ပင်။ သွားခဲ့ရသည့် ခရီးစဥ်အတွင်း သူ့မှာ ရေတစ်ပေါက်သော်မျှ မသောက်ခဲ့ရသည့်အပြင် လှုပ်ရှားရုန်းကန်ရခြင်းကပါ ထပ်ပေါင်းလိုက်သေးရာ သေလောက်မတတ်ပင် ဆာလောင်နေရပြီဖြစ်ပါ၏။

သွမ့်မင်ယန်အိမ်သို့ရောက်၍ တံခါးမကို ဖြတ်ဝင်လာသည်နှင့် လီလော့သည် ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ သူမြင်လိုက်ရသည်က စားပွဲအပြည့် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာတွေဖြစ်ကာ နှုတ်မြိန်စာမှ အစ အချိုပွဲအဆုံး အမျိုးအမည်စုံနေအောင် တည်ခင်းထားသည်။

စားပွဲအလယ်တွင်မူ ရွှေချထားသည့် အလှဆင်တိုင်ရှိပြီး နို့နှစ်ရောင် ရနံ့မွှေး ဖယောင်းတိုင်သုံးတိုင်ကို ထွန်းညှိထားလေရာ လေထုအတွင်း သစ်လွင်လတ်ဆတ်သည့် ခံစားချက်ကို ပေးနေသည်။

"မင်းအိမ်မှာ ခရုမင်းသမီးလေး ရှိနေသလားဟေ"

လီလော့သည် အံ့ဩတကြီးနှင့် ပြောချေသည်။

"ဒါတွေ မင်း ဘယ်ချိန်ကများ လုပ်လိုက်တာတုန်း ?"

သွမ့်မင်ယန်သည် ခုံတစ်လုံးကို ဆွဲယူထိုင်လိုက်ကာ

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now