(၈၅)

5.2K 685 18
                                    

{Unicode}

အခန်း(၈၅)

သွမ့်မင်ယန်က သူ့ကို ကုမ္ပဏီရှိ အခြားဋ္ဌာနတစ်ခုဆီ ခေါ်သွားသည်။ ကုမ္ပဏီမှာ ရုပ်ရှင်နှင့် ရုပ်သံထုတ်လွှင့်ရေးကို အဓိကထားသော်လည်း လီလော့၏ မူလကုမ္ပဏီ ရှို့ရှင်းနှင့် ကျောက်ကျင့်ဟွာ လက်ထဲမှ လွှဲယူခဲ့သည့် လုံရှင်းတို့က ၎င်း၏ လက်အောက်ခံ ကုမ္ပဏီအဖြစ်တည်ရှိသည်။

သွမ့်မင်ယန်၏ အဆိုအရဆိုပါမူ အဓိက အားစိုက်ထုတ်ဖို့ရန် ရည်ရွယ်ထားသည်က ရှို့ရှင်းတစ်ခုတည်းသာရှိပြီး အခြားအရံကုမ္ပဏီခွဲများမှ ဝင်သည့် အမြတ်ငွေမှာ ပင်မကုမ္ပဏီကို ထောက်ပံ့ပေးဖို့ရန်အတွက်သာဟူ၏။

လီလော့ တစ်ယောက်တည်းအတွက်နှင့် သွမ့်မင်ယန်သည် မဆုတ်မနှစ် အပင်ပန်းခံကာ ကြိုးစားခဲ့ပေ၏။

သို့သော်လည်း လီလော့တွင် သူတို့နှစ်ယောက် ပြန်လည်တွေ့စဥ်တုန်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မေးခွန်းတွေ ရှိနေဆဲ။

" မင်း ပြောတာ ငါ့ကို ထိန်းချုပ်ဖို့ အများကြီး အားစိုက်ထုတ်ခဲ့ရတယ်ဆို၊ ဒါနဲ့ တွေ့တွေ့ချင်းတုန်းက ငါ့ကို ဘာလို့ ကန်ထုတ်ဖို့ လုပ်ခဲ့တာလဲ၊ မဟုတ်မှ မင်းဆီ ရောက်လာပြီး တောင်းပန်ခယစေချင်လို့လား၊ ငါ အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူးဆိုတာ မင်းလည်း သိနေသားနဲ့ "

" အဲ့တုန်းက စိတ်လိုက်မာန်ပါဖြစ်သွားလို့ "

သွမ့်မင်ယန်က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ဆက်ပြောသည်။

" မင်းကလည်း အဲ့တုန်းက တကယ်ကို မျက်မုန်းကျိုးချင်စရာလေးလေ "

လီလော့၏ မျက်လုံးတွေသည် ပြူးကျယ်၍သွားပြီး

" အင်းပါ၊ ဟုတ်ပါပြီ၊ အဲတော့ မင်းက ငါ့ကို မုန်းခဲ့ဖူးတယ်ပေါ့ "

" မင်းလည်း ကိုယ့်ကို မမုန်းခဲ့ဖူးလို့လား "

" မုန်းခဲ့ဖူးသလိုပဲ .. "

လီလော့သည် အပြစ်မကင်းသလို ခံစားလိုက်ရပြီး တောင်းပန်သည့် အပြုံးလေးဖြင့်

" ချစ်လိုက်၊ မုန်းလိုက်နဲ့ နှစ်နှစ်လောက်အထိ အဲ့လို ဖြစ်နေခဲ့တာလားပဲ "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now