(၄၄)

6.2K 798 36
                                    


{Unicode}

အခန်း(၄၄)

မနက်ခင်း၏ နေခြည်နုနုသည် ပြတင်းတံခါးကို ဖြတ်သန်းဝင်ရောက်လာကာ ကော်ဇောထက်ဆီတွင် သစ်ရွက်တို့၏ အရိပ်သဏ္ဍာန်ကို ချန်ထားရစ်ခဲ့သည်။ နားစိုက်ထောင်ပါမူ ဗီလာအနီးတစ်ဝိုက်တွင် တေးသီနေကြသည့် ငှက်ကျေးတို့၏ အသံဆာဆာကိုပါ ကြားရပေမည်။

ကြမ်းခင်းမှ မျက်နှာကြက်သို့တိုင် တစ်ဆက်တည်း ထည့်သွင်းထားသည့် မှန်ပြတင်းတွင် တပ်ဆင်ထားသည့်လိုက်ကာမှာ အပွင့်လိုက်သားဖြစ်နေသည်တွင် ပြတင်းတံခါးဘက်ဆီ မျက်နှာမူပြီး လှည့်အိပ်နေသည့် လီလော့၏ မျက်နှာအား နေရောင်နှင့် တိုက်ရိုက် ထိတွေ့သွားစေသည်။ ထိုစူးရှရှနေရောင်သည် လီလော့၏ ကောင်းခန်းရောက်နေပြီဖြစ်သည့် အိပ်မက်အား အနှောင့်အယှက်ပြုတော့သည်။

သူသည် မကျေမနပ်နှင့် ခပ်တိုးတိုး စုတ်သပ်လိုက်ကာ ခန္ဓာကိုယ်အား နောက်သို့ အနည်းငယ်မျှ ကျုံ့ကွေးလိုက်၏။ နေရောင်ကွယ်နိုင်မည့် အနေအထားဆီ ​တိုးဝေ့ကာ ခေါင်းခွေ့အိပ်လိုက်ရင်း နောက်တဖန် အိပ်ပျော်သွားတော့မည့်အချိန်တွင် လီလော့မှာ တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း သတိထားလိုက်မိသည်။

သူ့အား နေရောင်ခြည်မှ ကွယ်ပေးထားသည့် အရိပ်ပိုင်ရှင်သည် မဟုတ်မှ သွမ့်မင်ယန်များ ဖြစ်နေသည်လား။

သွမ့်မင်ယန် ယခုထိ ရှိနေဆဲလားဆိုသည့် ဒွိဟစိတ်နှင့်အတူ လီလော့၏ မျက်လုံးတွေသည် ချက်ချင်းပင် ပွင့်လာသည်။

သူ့ အရှေ့ရှိလူဆီမှ စည်းချက်ကျသည့် အသက်ရှူသံနှင့်အတူ ပူနွေးသည့် ဝင်လေထွက်လေကိုပါ ခံစားမိနေသည်။ အနှီလူသည် အိပ်ပျော်နေသည့်တိုင် သတိကြီးစွာထား၍ အိပ်စက်ရသည်ကို ကျင့်သားရနေသည့်အလား၊ အိပ်မက်ထဲတွင် အန္တရယ် တစ်စုံတစ်ရာနှင့် တွေ့ကြုံလာရလျင်ပင် ရင်ဆိုင်ရန် အမြဲအဆင်သင့်ဖြစ်နေသည့်အလား မျက်နှာအမူအရာသည် ပြေလျော့ခြင်း ကင်းမဲ့လို့နေ၏။ တန်ဖိုးထားရသည့် ရတနာအား စောင့်ကြပ်နေသည့် နဂါးတစ်ကောင်နှယ် ရင်ခွင်အတွင်းရှိ လူအား လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆွဲဖက်ကာထားသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now