(၂၃)

6.3K 893 32
                                    


{Unicode}

အခန်း(၂၃)


ပြီးခဲ့သော ခြောက်နှစ်၏ နွေဦးရာသီ

နေလုံးကြီးက ပူပြင်းနေသလောက် တိုက်ခတ်နေသည့် လေပြည်ကတော့ နွေးထွေးလှသည်။ ထို့အတူ နွေရာသီကျောင်းပိတ်ရက် ရောက်ရှိလာပြီ ဖြစ်လေရာ လည်ပတ်ဖို့ရန် တာစူနေကြသည့် ကျောင်းသားလူငယ်လေးတို့၏ သွေးတွေသည်လည်း ရေဆူမှတ်ဆီ ရောက်ရှိလို့ သွားကြပြီ။ တစ်ဦးတည်းသော အေးခဲငြိမ်သက်နေသူမှာ လီလော့ တစ်ယောက်သာ။ ပိတ်ရက်မတိုင်ခင် နှစ်ဝက်နီးပါးလောက်ကတည်းက ပွက်ပွက်ဆူနေခဲ့သည့် သွေးတို့သည် ခုတော့ဖြင့် ရေခဲမှတ်ထိကျရောက်လို့နေ၏။

[ K. ]

မလေးမခန့်နှင့် တိုတောင်းပြတ်တောက်စွာသော စာကြောင်းလေး​ကို အငွေ့ပျံတော့မလောက်အောင် စိုက်ကြည့်နေပြီးသည့်နောက် လီလော့သည် လွန်စွာရှည်လျားသည့် စာကြောင်းရှည်ကြီးတစ်ကြောင်းကို ပြန်ပို့လိုက်သည်။

[ 'K' ဆိုတာ ဘာပြောချင်တာလဲ .. နွေရာသီ ပိတ်ရက်ကို မင်းနဲ့အတူတူနေစေချင်တာလား မနေစေချင်တာလား .. အဲ့လိုဆို ငါက ပြန်ရမှာလား မပြန်ရဘူးလား ? ]

[ သဘော ]

ခုချိန် သူသာ အပူလျှပ်သွားလျင် ပူပြင်းလွန်းသည့် ရာသီဥတုကြောင့် မဟုတ်နိုင်၊ သွမ့်မင်ယန်ကြောင့်သာလျင် ဖြစ်ပေလိမ့်မည်။

လီလော့ ဘေးနားတွင်တော့ သူ့ဘော်ဒါတစ်ကောင်သည် အဆုတ်တွေတွေပင် ပေါက်ကွဲထွက်တော့မတတ်အသံနှင့် မိုက်ခဲလုပ်နေသည်။ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် နားထဲ စီးဝင်သွားရမည့် အချစ်သီချင်းဖြစ်ပါလျက်နှင့် ဆိုနေသည့်အသံကြောင့် လီလော့၏ နားစည်တွေ ပေါက်ကုန်ပြီလားဟု ထင်လိုက်ရသည်။ သူသည် စိတ်ပေါက်ပေါက်နှင့် ရီမုကိုယူကာ သီချင်းကို ကျော်ချပစ်လိုက်တော့၏။

တိတ်ဆိတ်သွားသည့် အသံနှင့်အတူ ကီးမြှင့်ကာ အော်ဆိုဖို့ပြင်နေသည့် ပါးစပ်သည်လည်း အပွင့်လျက်သားနှင့် ရပ်သွားရသည်။ ကို့ယို့ကားယားနိုင်လှသည့် မျက်နှာပေးဖြင့် ထိုသူသည် လီလော့ကို လှည့်ကြည့်လာကာ

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now