(၈၁)

6.1K 812 32
                                    

{Unicode}

အခန်း(၈၁)

လီလော့က "ညစာ ဘာစားကြမလဲ" ဟု မေးနေသလိုမျိုး သဘာဝကျကျဖြင့် ချောမွေ့စွာ မေးလိုက်သည်ကြောင့် သွမ့်မင်ယန်မှာ အံ့အားသင့်သွားပြီး  စက္ကန့်ပိုင်းမျှ တွေတွေကြီး ဖြစ်သွားရသည်။

" Mr.လီ၊ ကိုယ်တို့တွေရဲ့ စောင့်ကြည့်ကာလက ခုထိ ပြီးသေးတာ မဟုတ်ဘူးနော် "

ပြောချင်သည်က - လီလော့၊ မင်း အရမ်း အဝေးကြီးအထိ ကြိုတွေးနေပြီ။

လီလော့သည် သွမ့်မင်ယန်ကို ငေးစိုက်ကြည့်နေရင်း

" အဲ့တော့ ဘာဖြစ်လဲ၊ ငါ လက်စွပ်နှစ်ကွင်း ဝယ်ထားပြီးလို့ စိတ်ကူးထဲမှာတောင် ကလေးဘယ်နှစ်ခါ မွေးပြီးနေပြီလဲ မသိနိုင်တော့ဘူး၊ မင်း ငါ့ကို လက်မထပ်ဘူးဆို ထားခဲ့ဖို့များ တွေးထားလို့လား "

အမူအရာကို ပို၍လေးနက်စေချင်သည့်အလား သွမ့်မင်ယန်သည် နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လို့ထားသည်။ ခြေဖဝါးတွေကို လက်တွေဖြင့် နွေးအောင်လုပ်ပေးနေရာမှ ပြန်ချထားလိုက်ကာ စားပွဲပေါ်ရှိ ပန်းကန်နှင့် ခွက်ကို ကောက်သိမ်းလိုက်ပြီး မီးဖိုခန်းဘက်ဆီ ထွက်သွားသည်။

လီလော့သည် ဖိနပ်ပါးကို အလောတကြီး ကောက်စွတ်လိုက်ပြီး သွမ့်မင်ယန်အနောက်သို့ အပြေးလိုက်သွားကာ

" ငါ အတည်မေးနေတာ၊ မင်း ငါ့ကို ဘယ်အချိန် လက်ထပ်မှာလဲ "

သွမ့်မင်ယန်သည် ပန်းကန်ပြားကို ဘေဇင်ထဲ ထည့်လိုက်ပြီး လီလော့ကို ပြန်လှည့်ကြည့်လာကာ

" မင်းကိုယ်မင်း ဘယ်သူဆိုတာကိုကော သတိရသေးရဲ့လား "

လီလော့သည် ခဏမျှ စဥ်းစားလိုက်ပြီး

" သူဌေးရဲ့ နောက်ကွယ်မှာရှိတဲ့ သူ ? "

သွမ့်မင်ယန် : " .... "

လီလော့ : " သူဌေးရဲ့ ဇနီးကောင်းလေး ? "

သွမ့်မင်ယန်က

" အဲ့နှစ်ခုက ဘာများကွာသေးလို့လဲ "

လီလော့ : " ဘာမှ ကွာခြားတယ်ရယ်တော့ မရှိပါဘူး၊ အဓိပ္ပာယ်က တစ်ခုတည်းရယ်၊ မင်းနဲ့ လက်ထပ်ချင်တယ်၊ မင်းနဲ့ လက်ထပ်ချင်တယ် "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now