အချပ်ပို (၁၀)

2.7K 414 14
                                    

{Unicode}

အပိုင်းနှစ် - ဆူညံပါသည့် စားသောက်ဆိုင် (၄)

ညနေငါးနာရီခန့်တွင် သူတို့၏ စားသောက်ဆိုင်ကို တရားဝင် စတင်ဖွင့်လစ်လိုက်ကြသည်။

စားဖိုမှူးကျန်းနှင့် သူ၏ တပည့်နှစ်ယောက်က စားဖိုခန်းထဲတွင် နေရာယူထားပြီး စုကျစ်နှင့် လင်းချန်က အမှာလက်ခံယူသည့်နေရာနှင့် ဝေယျာဝစ္စအကူအတွက် တာဝန်ယူထားကြသည်။ ကျန်သခင်လေးနှစ်ပါးမှာမူ အရှေ့ဘက်ခန်းမတွင် စားသုံးသူများကို နေရာချထားပေးပြီး စားသောက်စရာ တည်ခင်းဧည့်ခံရေးအတွက် တာဝန်ယူထားသည်။ လုပ်ငန်းဆောင်တာများကို သေချာခွဲဝေထားသည့်အပြင် အကူနှစ်ယောက်၏ ထပ်တိုးအင်အားဖြင့် သူတို့၏ လုပ်ငန်းသည် ချောမွေ့စွာ လည်ပတ်နေ၏။

" မှိုကြက်ခရင်ချက်အရသာ ဘယ်လိုနေလဲဗျ "

ကျန်းလျို့ရှဲန်းသည် လိပ်ပြာလေးတစ်ကောင်နှယ် စားပွဲများအကြား ပျံဝဲနေပြီး မျက်နှာကလည်း ပြုံးချိုလို့နေကာ

" ဒါက ကျွန်တော်တို့ဆိုင်ရဲ့ အထူးစပါယ်ရှယ်ဟင်းလျာလေ၊ သူက အနောက်တိုင်းစတိုင်ကိုမှ ဒီဒေသနဲ့ကိုက်ညီတဲ့ အရသာဖြစ်အောင် ပေါင်းစပ်ထားတာမျိုး၊ မြည်းကြည့်ကြည့်၊ တကယ်ကို ခံတွင်းတွေ့သွားစေရမယ် "

" ဘယ်လိုလဲ၊ သူ့အရသာက ဆန်းသစ်တဲ့ အရသာဆိုပေမဲ့ ရင်းနှီးနေတဲ့ ခံစားချက်မျိုးလေးလည်း ပါတယ်မလား၊ အိုး .. ဒါနဲ့ ဒီဟင်းလျာကို ကျွန်တော်တို့ရဲ့ ထိပ်တန်းစားဖိုမှူးကျန်းက ချက်ပြုတ်ပြီးတော့ ရှရှီးအိုက်က ပြင်ဆင်ပေးထားတာခင်ဗျ၊ ခင်ဗျား အကြိုက်တွေ့တယ်ဆိုရင် ကျွန်တော် သတင်းစကား ပါးပေးလို့ ရတယ်ခင်ဗျ "

ကျန်းလျို့ရှဲန်းသည် တစ်တိုင်းပြည်လုံး၏ မျက်စိအောက်တွင် ကြီးပြင်းလာသည့် ကြယ်တစ်ပွင့်ဖြစ်ပြီး မျိုးဆက်အလိုက် လူသိများမှုနှုန်းမှာ အလွန်မြင့်မားသည်။ လာရောက်စားသောက်ကြသည့် မိသားစုတစ်စုလုံးဆိုလျှင် ကြီးငယ်မဟူ သူ့ကို မသိသူ မရှိ။ ဤထပ်လောင်းအားသာချက်နှင့်တင် ဖောက်သည်များကို ပျော်ရွှင်စေရန် မခက်ခဲတော့ချေ။ သူ စားပွဲတစ်ခုသို့ ရောက်လေတိုင်း ထိုစားပွဲဆီမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now