(၅၆)

6.5K 869 51
                                    

{Unicode}

အခန်း(၅၆)

သွမ့်မင်ယန်သည် သူ့ကို ကြည့်နေလျက်က လည်စလုတ်မှာ မသိမသာ လှုပ်ရှားလို့သွား၏။ မျက်နှာအမူအရာကမူ မည်သို့မျှ ပြောင်းလဲမသွား။

ထို့နောက်တွင် သူသည် လီလော့ကို ပုခုံးမှနေ၍ လုံခြုံသည့် အကွာအဝေးတစ်ခုရောက်သည်အထိ တွန်းထုတ်လိုက်ပြီး

" Mr.လီ၊ အကွက်ဟောင်းတွေပဲ ထုတ်သုံးမနေနဲ့၊ အသုံးမဝင်ဘူး "

" တကယ်ကြီး အသုံးမဝင်ဘူးပေါ့ ? "

လီလော့သည် သွမ့်မင်ယန်၏ လက်ကို ဖမ်းဆုပ်ကိုင်လိုက်ပြီး ခေါင်းအသာငုံ့ကာ နူးညံ့သည့် နှုတ်ခမ်းအစုံဖြင့် အသာဖွဖွပွတ်တိုက်လိုက်၏။ သူသည် သွမ့်မင်ယန်အား မော်ကြည့်ကာ ပြုံးတုံ့တုံ့ဖြင့်

" ငါမှန်း အစကတည်းက သိနေတယ်၊ ဟုတ်၊ သိနေရဲ့နဲ့ နမ်းလို့ မပြီးမချင်း ဘာမှမပြောဘဲ နေနေတယ်၊ ပြောပါဦး Mr.သွမ့်ရဲ့၊ အဲ့အတွက် တာဝန်ယူပေးမယ်မလား "

ဓာတ်လိုက်သွားသည့်အလား သွမ့်မင်ယန်သည် သူ့လက်ကို အမြန်ရုန်းဖယ်လိုက်ပြီး

" သွမ့်အိမ်ရဲ့ ပိုင်နက်ထဲ၊ အရှုပ်တွေ မလုပ်မိစေနဲ့ "

လီလော့သည် ပြောပြီး လှည့်ထွက်သွားသည့် သွမ့်မင်ယန်နောက် ချက်ချင်းကပ်လိုက်သွားကာ သူတို့နှစ်ဦးသာ ကြားနိုင်သည့် လေသံဖြင့်

" မသွားပါနဲ့ဦး၊ ငါ ဘယ်လို ကိစ္စကြီးကြီး လုပ်ခဲ့တယ်ဆိုတာလောက်တော့ မေးပါဦးလား၊ ဒီက တကယ်ကြီး ချီးမွမ်းခံချင်နေတာကို "

သွမ့်မင်ယန်သည် ရှေ့ကိုသာ တည့်တည့်စိုက်ကြည့်နေပြီး

" ကိုယ် ဘာမှ မကြားချင်ဘူး၊ ပြီးတော့ မလိုအပ်တဲ့ ကိစ္စတွေကိုလည်း လုပ်နေဖို့ မလိုဘူး "

" ဘယ်နှယ့် မလိုအပ်ရမှာတုန်း၊ မင်း ငါပြောတာကို နားထောင်ပြီးရင် သိသွားလိမ့်မယ်၊ ငါ မင်း အကိုနဲ့ အဖေကို ဒီနေ့ ဘယ်လို မလှိမ့်တပတ် လုပ်ခဲ့ ... "

" Mr.လီ "

သွမ့်မင်ယန်သည် သွားနေရာမှ ချက်ချင်းရပ်လိုက်ပြီး လီလော့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လျက်

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now