(၁၄)

6.1K 860 12
                                    


{Unicode}

အခန်း(၁၄)


နေ့ခင်းပိုင်းအတန်းတွေ အကုန်ပြီးဆုံးသွားသည့်အခါ တောင်ဆွယ်တွေကြား နေမင်းကြီး မေးတင်ချိန်ပင်ရောက်နေခဲ့ပြီ။ ထို့အတူ လီလော့၏ ဂရုချက်တွေဆီမှ ညမင်းသားအပေါင်းအဖော်တို့၏ စာတိုအလွှာလွှာကလည်း တစ်စောင်ပြီးတစ်စောင် ရောက်ရှိလို့လာကြသည်။

အပြည်ပြည်ဆိုင်ရာ စာသင်သားတွေထဲ လီလော့သည် အချမ်းသာဆုံးသော သခင်ငယ်စာရင်းထဲတွင်ပါဝင်သည်။ သူနှင့် စကားစမြည်ပြောဆိုကြသူတွေသည် ယဥ်ကျေးစွာနှင့်သာ ​ဆက်ဆံလေ့ရှိတတ်ကြပြီး တစ်ချို့များဆိုလျင် မျက်နှာလိုမျက်နှာရနှင့် ခခယယတောင်လုပ်တတ်ကြသေး၏။

အမှန်တကယ်တန်းတွင်မူ လီလော့သည် ထိုထိုသော ဖော်လံဖားခြင်းအမှုမျိုးကို သဘောမတွေ့လှ။ သို့တိုင်အောင် သွမ့်မင်ယန်ကဲ့သို့သော လုံးလုံးကြီး အရေးမစိုက်ပုံမျိုးကိုကျ ပိုလို့တောင် မနှစ်သက်ပြန်ပါပေ။

လူဆိုသည်ကား လူမှုဆက်ဆံရေးလိုအပ်သည့် သတ္တဝါတွေပင်။ မည်မျှပင် ကင်းကင်းရှင်းရှင်းနေချင်ကာမူ တစ်စုံတစ်ယောက်၏ သဘောကျထောက်ခံမှုမျိုးကိုတော့ လိုအပ်ကြသည်ချည်းဖြစ်ပါ၏။

လီလော့သည် လွယ်အိတ်ထဲသို့ စာအုပ်များကောက်သိမ်းထည့်ပြီးသွားသည့်အခါ ဂရုချက်ထဲ ပို့နေကျ စာတစ်စောင်ပို့ပေးလိုက်သည်။

"မင်းတို့ကောင်တွေ ဒီည ဘယ်ကို သွားကြမလို့လဲ"

သူ မေးလိုက်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် ပြန်စာပို့လာကြသည်။

"လီသခင်လေးလည်း အားတယ်လား .. ဘယ်သွားမယ်ဆိုတာ ခုထိတော့ သေချာမဆုံးဖြတ်ကြရသေးဘူး .. တောင်ပေါ်သွားပြီး ပြိုင်ပွဲတစ်ခုခုလောက်လုပ်ကြရင်ရော"

"ဟိုတစ်နေ့ကမှ အဲ့တာမျိုး လုပ်ပြီးသွားပြီလေ .. ဟုတ်တယ်မလား .. နောက်တစ်ခုခု ပြောစမ်းပါကွ .. မင်းတို့တွေ ခု အသစ်ဖွင့်တဲ့ Ferald Boulevard ဆိုတဲ့ ဘားကို မရောက်ဖူးသေးဘူးမလား .. အဲ့က လူဖြူမလေးတွေများ အသေမိုက်တာတဲ့နော်"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now