Arc.8.12
2.8K 483 50
" သခင်လေး .. သူက ဒီနှစ် မိသားစု ပြိုင်ပွဲရဲ့ ပထမရတဲ့သူပါ .." သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လူငယ်တစ်ယောက်အား ညွှန်ပြကာ ပြောလာခဲ့သည် ။ ချန်းယန်၏ အမှုအရာက မပြောင်းလဲခဲ့ပေ ။
" ဂိုဏ်းဝင်ခွင့်နဲ့ ပတ်သက်လို့ ငါ ဘာမှကူညီပေးမှာ မဟုတ်ဘူးလို့ ပြောထားပြီးသားနော် .. "
သက်လတ်ပိုင်းလူက ပြုံးလိုက်ကာ " မိသားစုခေါင်းဆောင်က ဒီအကြောင်းကို ပြောပြီးသားပါ .. သူကို သခင်လေးက ရှီမန်ဂိတ်ဖွင့်တဲ့အခါ ခေါ်သွားပေးဖို့ အကူအညီတောင်းချင်တာပါ .."
အသက်စွမ်းအင်ကို ခံစားမိပုံအရ လူငယ်သည် ၁၆ /၁၇ သာ ရှိဦးမည့်ပုံပင် ။ ချန်းယန်က အဆင်ပြေတယ်ဆိုသည့် ပုံစံဖြင့် လက်အသာ ဝှေ့ယမ်းပြလိုက်ကာ " အစေခံတပည့်သားကို အကြောင်းကြားပြီး .. နေထိုင်ဖို့စီစဉ်လိုက် .. ရှီမန်ဂိတ် ဖွင့်မဲ့ အချိန်ရောက်ရင် ခေါ်လိုက်မယ် .."
သက်လတ်ပိုင်းလူက စိတ်ကျေနပ်သွားကာ ချန်းယန်အား လက်နှစ်ဖက်ယှက်လျက် ကျေးဇူတင်လိုက်သည် ။ သူက ကြောင်အနေသည့် လူငယ်အား လက်တို့လိုက်ကာ " ‌ရှောင်ယင် .. မြန်မြန် ကျေးဇူးမတင်သေးဘူးလား .."
ချန်းယင်သည် လက်ဖက်ရည်ခွက်အား ကိုင်မြောက်လျက် သက်တောင့်သက်သာရှိနေသည့် လူအား အားကျစွာကြည့်နေရာ သက်လတ်ပိုင်းလူ၏ သတိပေးစကားကြောင့် သတိဝင်လာကာ အလျင်အမြန်ကျေးဇူးတင်လိုက်သည် ။ " ချန်းယင်.. ဒီအခွင့်အရေးပေးတဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ် .."
ချန်းယန်က ဝတ်ရုံရှည်ကြီးအား ချွတ်ပစ်ချင်နေပြီဖြစ်ကာ စကားပြောရန် စိတ်မပါတော့သဖြင့် လက်အသာခါပြကာ ထွက်သွားခိုင်းလိုက်တော့၏ ။ နှစ်ယောက်၏ အငွေ့အသက်ပျောက်ကွယ်သွားချိန်တွင် သူက လျင်မြန်စွာပင် ပေါ့ပေါ့ပါးပါး ကိုယ်ကျပ်ဝတ်စုံကို လဲလှယ်ရန် အိပ်ဆောင်သို့ ပြန်သွားတော့သည် ။
" သားရဲ အမဲလိုက်ရင် ကောင်းမလား .. ဒါမှမဟုတ် အကြားစွမ်းရည်တိုးတက်အောင် လေ့ကျင့်ရေး ခန်းမကို သွားရမလား .. " ချန်းယန်က လက်ကောက်ဝတ်နေရာအား အသေအချာစည်းနှောင်ရင်း အကျပ်ရိုက်နေသည် ။ ကျင့်ကြံသူများသည် အများအားဖြင့် စားသောက်ဖို့ အချိန်ဖြုန်းမနေကြပေ ။ သို့ဖြစ်ကာ သူ၏ နေ့စဉ်ဘဝအား ပြန်တွေးလိုက်ချိန်တွင် ပျင်းစရာကောင်းလောက်‌အောင် လေ့ကျင့်ချိန်များသာ ရှိနေသည် ။