Arc.8.15
2.6K 467 40
ဂိုဏ်းတိုင်းတွင် အထူးလေ့ကျင့်ရေး နယ်မြေတစ်ခုရှိကြသည် ။ အခု ချန်းယန်က သူတို့ဂိုဏ်း၏ လေ့ကျင့်ရေး နယ်မြေဖြစ်သည့် မျှော်စင်ရှေ့တွင် ရပ်နေခဲ့၏ ။ သူ့ဘေးနား ပတ်လည်တွင် လူရှင်းနေသော်လည်း ကျန်နေရာများတွင် လူများ ကြပ်သိပ်နေကာ အဆင့်သတ်မှတ်ချက်အား မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေကြသည်။ 
မျှော်စင်ထဲတွင် အထပ်ပေါင်းများစွာ ရှိပြီး အထပ်တိုင်းက လေဟာနယ်တစ်ခုစီ ပိုင်ဆိုင်ထားကြသည် ။ လေဟာနယ်ထဲတွင် အထပ်အလိုက် သားရဲမျိုးစုံကို ဖြတ်ကျော်ရသည် ။ နှစ်ပေါင်း တစ်ထောင်အတွင်း ၁၅ ထပ်မြောက်ကို ရောက်သည့် သူ တစ်ယောက်သာ ရှိ‌သည် ။ အခုချိန်တွင် ၁၄ ထပ်မြောက်နေရာတွင် လော့ကျွင်း နဲ့ မို့ယောင် ဟူသည် နာမည် နှစ်ခုသည် လင်းလက်နေကာ ထိုနှစ်ယောက်သည် ၁၄ ထပ်မြောက်အား ရှင်းလင်းနေခဲ့သည်ကို ဖော်ပြနေခဲ့သည် ။
အခြားဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်အနေဖြင့် မို့ယောင်သည် မည်သည့်အတွက်ကြောင့် မျှော်စင်သို့ ဝင်ခွင့် ရလာသလဲဆိုသည်ကိုတော့ သူက စဉ်းစားရမှာပင် ပျင်းရိနေခဲ့သည် ။
" အစ်ကိုကြီး .." ဟူသည့်ခေါ်သံနဲ့အတူ ကောင်လေး တစ်ယောက်သည် သူ့အနားသို့ ရောက်လာခဲ့၏ ။ ချန်းယင်၏ စွမ်းအင် အား ခံစားမိလိုက်သောကြောင့် သူက ခေါင်းတစ်ချက် ငြိမ့်ကာ အသိအမှတ်ပြုလိုက်ပြီး သာမန်အတိုင်း ရပ်နေခဲ့သည် ။ ချန်းယင် ၏ အမှုအရာ က အနည်းငယ် ညိုးငယ်သွားခဲ့သည်။ သူက အထုပ်တစ်ခုအား ချန်းယန်၏ လက်ထဲ ထိုးထည့်လိုက်ပြီး ငြင်းပယ်မည် စိုးကာ အလျင်အမြန် ထွက်သွားတော့သည် ။ " ကျွန်.. ကျွန်တော် မြို့ထဲသွားတော့ အစ်ကိုကြီးအတွက် ဝယ်လာခဲ့တာ .."
သို့အတွက်ကြောင့် လော့ကျွင်း ထွက်လာသည့် အချိန်တွင် အထုပ်တစ်ခုနဲ့ ရပ်နေသည့် ချန်းယန်အား တွေ့လိုက်ရတော့သည် ။ လော့ကျွင်းသည် ၁၅ ထပ်မြောက်နေရာတွင် နာမည်ချန်ထားခဲ့ပြီးနောက် မို့ယောင်၏ အမည်သည်လည်း သူ့နောက်မှ ကပ်လိုက်လာခဲ့သည် ။ ပြောရလျှင် လော့ကျွင်းသည် ခြေတစ်လှမ်းသာသွားခဲ့ခြင်း ။
ဘေးပတ်ဝန်းကျင်မှ ဆူညံသည့် ဂုဏ်ပြုသံများအား လစ်လျုရှုကာ လော့ကျွင်းက ချန်းယန်ထံသို့ ပြေးလာခဲ့သည် ။ " ရှီရှုံး .. ကျွန်တော် နိုင်ပြီ .." ချန်းယန်က ‌ခပ်ဖွဖွ ပြုံးလျက် ခေါင်းညိတ်လိုက်ကာ " ကိုယ့် ချစ်သူလေးက အရမ်းတော်တာ သိတာပေါ့ .."