Arc.8.20
2.5K 448 69
လော့ကျွင်း၏ နူတ်ခမ်းတောင့်စွန်းက ကော့တက်သွားကာ သူ့လက်ထဲက ကျောက်တုံးအား မြောက်ပြလိုက်ကာ " ဒီဟာက ကျုပ်အတွက် အသုံးဝင်တာမို့ .. ဒါနဲ့ တန်ရာတန်ကြေး ညီအောင် ပေးပြီးပြီ .. အပေးအယူက ပြီးပြီ.. " သူက ဟန်အာ အား ကြည့်လိုက်ကာ ဘာမှတော့ မပြောခဲ့ပေ ။ သို့သော် သူ့ခါးထက်က လက်များကိုတော့ ဖြုတ်ချလိုက်သည် ။
" ဟန်အာ .. ဟန်အာက ငယ်သေးလို့ အပြောအဆို မတတ်ပါဘူး .. လော့ကိုကိုကို စိတ်ကွက်သွားစေမိရင် တောင်းပန်ပါတယ် .." ဟန်အာ၏ မျက်နှာလေးက ညိုးငယ်သွားလေသည် ။ ခေါင်းလေးကို ငုံ့လိုက်ကာ မျက်လွှာလေးကို ချလိုက်ကာ တုန်ယင်နေသည့် နူတ်ခမ်းများကို ဖိကိုက်လိုက်သည်။
သည်အချိန်တွင် စွမ်းအင်တစ်ခု က လော့ကျွင်းအရှေ့တွင် ပေါ်လာကာ ကလေးမလေးသည် အနောက်သို့ ဆုတ်လိုက်ရသည် ။ သူမအကြည့်က တချက်‌အေးစက်သွားပြီးမှ နာကျင်သည့်အမှုအရာပြောင်းသွားကာ မျက်နှာလေးက ရှုံမဲ့သွားသည် ။
အဖြူရောင်ကြိုးနှစ်စက လော့ကျွင်းနဲ့ ချန်းယင်အား အခန်းတွင်းမှ ဆွဲထုတ်လိုက်သည် ။ ချန်းယင်သည် အပြင်သို့ ရောက်သည်နဲ့ လွတ်ချခံလိုက်ရပြီး လော့ကျွင်းသည် တစ်ယောက်၏ ရင်ခွင်ထဲ ရောက်သည်အထိ ဆွဲယူခံလိုက်ရသည် ။
" ဟမ့် .. မင်းက ခန္ဓာကိုယ်ပြောင်းလိုက်ရုံနဲ့ ငါက မမှတ်မိဘူးထင်နေတာလား .." ချန်းယန်က လော့ကျွင်း၏ ခါးအား ပွေ့ဖက်ထားရင်း အေးစက်စွာ ပြောလိုက်သည်။
ကလေးမလေး၏ အမှုအရာက ခက်ထန်သွားကာ ခုနကနဲ့ မတူညီသည့် စွမ်းအားကြီးသည့် အော်ရာများ ထုတ်လွှတ်နေသည် ။ " ချန်းယန် .. ငါ့ခန္ဓာကိုယ်ကို ဖောက်ကွဲစေသည်အထိ နင်တွန်းအား ပေးခဲ့တာ .. အခု ငါ့ကိစ္စကို ထပ်နှောက်ယှက်နေပြန်ပြီလား .. "
ချန်းယန်က လက်တစ်ဖက်အား အနောက်သို့ ပို့လိုက်ကာ အေးစက်စွာ ရယ်လိုက်ပြီး  " ငါ့အပိုင်ကို အရင်လာထိတာ မင်းလေ .. သူ့ဆီက ယန်စွမ်းအင်တွေရဖို့ စိတ်တောင် မကူးနဲ့ .."
" မင်းက ကလေးမလေးရဲ့ ခန္ဓာကိုယ်ကို ယူထားတဲ့အပြင် သူ့ဆရာကိုပါ ထိန်းချုပ်ထားတယ် .. အဲ့ဒါ ငါနဲ့ မဆိုင်တဲ့အတွက် ငါဂရုမစိုက်ဘူး .. မင်းက သူ့ကို လာထိတော့ ငါ့အဆိုးမဆိုနဲ့ .." ဒီကလေးမလေးသည် မူလချန်းယန်၏ ရန်သူ ထဲက တစ်ယောက်ပင် ။ စုဝေးပွဲတုန်းက လော့ကျွင်း၏ ယန်စွမ်းအင်ကို သတိထားမိပြီး အနားကပ်ဖို့ ကြံနေခြင်း ဖြစ်ရပေမည် ။ လော့ကျွင်းသာ သူမအား အနီးတွင် ထားပါက သူမတွင် လော့ကျွင်းထံမှ အဆီအနှစ်များ စုပ်ယူဖို့ နည်းလမ်းပေါင်းစုံရှိလေသည် ။