Arc.8.28
2.5K 401 47
ချန်းယန်သည် တောနက်ထဲတွင် လက်နောက်ပစ်လျက် သက်တောင့်သက်သာ လမ်းလျှောက်နေသည် ။ သူ့ပတ်လည်တွင် မည်သည့် အင်အားကြီး အရှိန်အဝါတစ်ခုမှ မရှိပေ ။ သဘာဝတရားကြီးနဲ့ ပေါင်းစည်းနေသကဲ့သို့ သာမန်ဖြစ်လွန်းမက ဖြစ်နေသည် ။ ကျင့်ကြံသည့်နေရာတွင် ဉာဏ်အလင်းပွင့်ခြင်းနဲ့ စိတ်တည်ငြိမ်ခြင်းက အရေးကြီးဆုံး အချက်များပင်။  
တောနက်ထဲတွင် ကြောက်မက်ဖွယ် သတ္တဝါများစွာ ရှိသော်လည်း ချန်းယန်၏ မိုင်တစ်ထောင် ဘေးပတ်လည်တွင် မည်သည့်သတ္တဝါမှ မရှိနေခဲ့ပေ ။ ထိုနေရာသည် သူ့နယ်နမိတ်ဟု သတ်မှတ်ထားသည့်အလား ကျန်သည့် သူများ ခြေချရန် မဝံ့ရဲချေ ။ ညင်သာသည့် လေညင်းတစ်ခုက တိုက်ခိုက်သွားခဲ့ပြီး ချန်းယန်၏ ကိုယ်အား ဖြတ်သန်းသွားသည် ။ လေညင်းသည် အလွန်ညင်သာသော်ငြား ချန်းယန်၏ အကြည့်များက ဆောင်းထက်ပင် အေးစက်သွားသည် ။ သာမန်ဖြစ်နေသည့် ပတ်ဝန်းကျင်သည် ချက်ချင်း လေပြင်းမုန်တိုင်းကျဆင်းတော့မည့်အလား ခက်ထန်လာကာ ပတ်ဝန်းကျင်ရှိ အပင်များ အကုန်အေးခဲကုန်သည် ။
" ထွက်လာခဲ့ ! " နူတ်က ထွက်ရုံသာ ပြောလိုက်သည့် စကားတစ်ခွန်းသည် ယုလန်၏ နားစည်အား ပေါက်ကွဲထွက်တော့ မည်ဟု ခံစားရသည် ။ သူမ မတောင့်ခံနိုင်တော့ဟု ခံစားရချိန်တွင် ပုံရိပ်တစ်ခုက သူမထက်အရင် ချန်းယန်အရှေ့သို့ ရောက်သွားသည်ကို တွေ့လိုက်ရသည် ။
ချန်းယန်သည် သူ့ရှေ့က လူအား တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် ။ " မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ "
" ကျွန်တော် .. ကျွန်တော် အစ်ကိုကြီးကို တွေ့ချင်ရုံသက်သက်ပါ .. ကျင့်ကြံမှုကို အနှောက်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး .." ချန်းယင်က သူ့အရှေ့အား လူအား ငေးမောလျက် ပြန်ဖြေလိုက်သည် ။ နှစ်တစ်ထောင်ဆိုသည့် အချိန်တွင် လူတစ်ယောက်ကို မေ့ရန်အတွက် အချိန် လုံလောက်လွန်းမက လုံလောက်လေသည် ။ သို့သော် ချန်းယင်သည် ဆေးမိထားသူတစ်ယောက်လို ချန်းယန်အကြောင်းကို တွေးနေမိတုန်းပင်။ တကယ်တော့ သူတို့တွေ့ခဲ့ရသည့် အချိန်က ဘယ်လောက်မှ မဟုတ်ပေ ။ နှစ်တစ်ထောင်နဲ့ ယှဉ်လိုက်ရင် သမုဒ္ဒါရာထဲက ရေတစ်စက် ပမာဏလောက်ရှိတဲ့ ရက်အနည်းငယ်သာ ။