Arc.9.2
3K 395 41
" ဒီကမ္ဘာမှာ မင်းအားကိုးနိုင်တာဆိုလို့ ငါတို့ဘဲရှိတယ် .. စွန့်ပစ်မခံချင်ရင် မင်းရဲ့ မနာလိုစိတ်တွေကို ထိန်းချုပ်လိုက် ! Loyar က မင်းကို လစ်လျုရှုနိုင်ပေမဲ့ ငါတို့က လွတ်ပေးမှာ မဟုတ်ဘူး .." လူငယ်က လူကြီးလူကောင်းဆန်ဆန် သတိပေးလိုက်ပြီးနောက် အထင်တသေးကြည့်လိုက်ပြီး ထွက်သွားတော့သည် ။
ဒုန်း!
တံခါး‌ဆောင့်ပိတ်သံကြောင့် မော့ဟန်က သတိဝင်လာခဲ့သည် ။ သူ့မျက်ခုံးများက ထိစပ်လုနီးပါးကြုတ်‌သွားကာ ထရပ်လိုက်သည် ။ အခန်း၏ အရွယ်အစားက သာမန်အခန်းများထက်ပိုကြီးပြီး အပြင်အဆင်ပေါများသည် ။ ဗိသုကာလက်ရာများက အနည်းငယ် ရှေးကျနေပုံရသော်လည်း အလွန်အကျွံမဟုတ်ပေ ။
မော့ဟန်၏ ပထမဦးဆုံး အလုပ်မှာ အဝတ်အစားရှာရန်ပင် ။ ယခု သူ့ကိုယ်ပေါ်တွင် ကြမ်းပြင်ပေါ် တရွတ်တိုက်နေသည့် ဂါဝန်ပုံစံ ဝတ်စုံတစ်ခုရှိနေပြီး သူ့လှုပ်ရှားမှုများကို ကန့်သတ်နေသည် ။ အဝတ်လဲပြီးမှာသာ သူက နေသာထိုင်သာရှိသွားတော့သည် ။ အဝတ်အစားများသည် ရှေးကျသည်ဟု မဆိုနိုင်သော်လည်း ခေတ်မှီနေခြင်းလည်း မရှိပေ ။ ရှေးခတ်အနောက်တိုင်းစတိုင် အထက်တန်းလွှာများ၏ ဝတ်စုံမျိုးပင် ။
ကဲ .. ဇာတ်ကြောင်းကြည့်ရအောင် ..
ဒီကမ္ဘာသည် မှော်ပညာ ထွန်းကားသည့် ကမ္ဘာတစ်ခုဖြစ်ပြီး အဓိကဇာတ်လိုက်သည် အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ယောက်ဖြစ်သည် ။ ထူးခြားသည်က ဤကမ္ဘာတွင် ထိုကဲ့သို့ ကူးပြောင်းလာသူများ မရှားသလို ထိုသူများသည် အထူးအခွင့်အရေးများပင် ရကြသေးသည် ။ အဓိကဇာတ်လိုက်သည် အခြားကမ္ဘာတွင် သာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းမှစီစဉ်သည့် ခရီးတွင် မတော်တဆဖြစ်သွားကာ ကူးပြောင်းလာခြင်း ။
အဓိကဇာတ်လိုက်၏ အမည်မှာ မူလကမ္ဘာတွင် ရှဖုန်းဖြစ်ပြီး ဒီကမ္ဘာတွင်တော့ Regis Hayada ဟု အမည်ရသည့် အထက်တန်းလွှာ မိသားစုမှ သခင်လေးတစ်ယောက်အဖြစ်ကူးပြောင်းလာခဲ့သည် ။ သူသည် မွေးကင်းစ ကလေးဘဝမှစပြီး ကူးပြောင်းလာခြင်းဖြစ်ကာ ထိုဖြစ်စဉ်အား လျို့ဝှက်ထားခဲ့သည့် သူတစ်ယောက်ဖြစ်သည် ။