Arc.9.7
2.2K 383 24
" Loryard Sama .. အဲ့တစ်ယောက်ဆီက ရတဲ့အငွေ့အသက်က .."
Ruzel က ဆက်မပြောတော့ရန် လက်ကာပြကာ တားမြစ်လိုက်ပြီး " သူ့ကို စောင့်ကြည့်ထား ... ဒီတာဝန်ကို လက်စသတ်ပြီးရင် သူ့ကို အရှင့်ဆီ ခေါ်သွားရမှာ .."
လူကုန်ကူးသူအဖွဲ့အစည်းအား ဖျက်ဆီးပြီးနောက် ဖမ်းခံထားရသူများအား ကယ်တင်ခဲ့သည် ။ အဆောက်အဦးသည် သန့်စင်ခြင်း ခံရပြီး အလုပ်ရုံဖြစ်လာလိမ့်မည် ။ ကိစ္စအားလုံးပြီးသည်နဲ့ Ruzel သည် အံ့အားသင့်စရာကောင်းလောက်အောင် Regis အား နာမည်ခံခိုင်းလိုက်သည် ။
Ruzel K. Loryard သည် Loryard အိမ်တော်၏ ဒုတိယသခင်လေး ဖြစ်ပြီး မောက်မာကာ တဇွတ်ထိုးနိုင်ကြောင်း အထက်တန်းလွှာမှ လူတိုင်းသိကြသည် ။ ဒါ့အပြင် ဆက်ခံသူနေရာအား လိုချင်နေပြီး ရရာအခွင့်အရေးတိုင်း ဆုပ်ကိုင်ထားတတ်သည် ။ ဒီတစ်ခေါက် ရှင်းလင်းမှုက သူ၏ ဂုဏ်သတင်းကို တက်စေနိုင်လိမ့်မည် ။ သို့သော် ဒီတိုင်း သူ့လက်ထဲ ထည့်ထားခဲ့ခြင်းက Regis အား နားမလည်နိုင် ဖြစ်စေသည် ။
" ဒါ .. ဒါ ဘာသဘောလဲ .. ငါတို့က နစ်နာသူတွေနော် !! "
သည်အချိန်တွင် ဆူညံသံကို ကြားလိုက်ရခြင်းကြောင့် Ruzel က လှည့်ကြည့်လိုက်သည် ။ Ruzel ဦးဆောင်သည့် အဖွဲ့သားများသည် လူနှစ်ယောက်အား ဝန်းရံထားသည်ကို တွေ့လိုက်ရသည် ။ Regis ၏ အကြည့်က ရင်းနှီးနေသည့် မျက်နှာတစ်ခုထံသို့ ရောက်သွားခဲ့ပြီး သူ့အကြည့်က လင်းလက်သွားသည် ။ " တကယ်ကို မရိုးရှင်းဘူးဘဲ .."
" သခင် Loyard .. သူတို့ကို ဖမ်းဖို့ ကြိုးစားနေတာလား .. ဒီကိစ္စမှာ တစ်ယောက်က နစ်နာသူဖြစ်ပြီး တစ်ယောက်က ကျုပ်တို့ကို ကူညီထားတာလေ .." Regis က တည်ငြိမ်သည့် မျက်နှာထားဖြင့် Ruzel ထံလျှောက်သွားလိုက်သည် ။ Ruzel ၏ အကြည့်က မာထန်သွားကာ ဝတ်ရုံအား ဝှေ့ယမ်းလိုက်သည် ။ " Regis Hayada ! "
" ဒီသခင်လေးက အလျော့ပေးထားလို့ ရောင့်တက်မလာနဲ့.. မင်းက ငါပေးလိုက်တဲ့ အောင်မြင်မှုကို ယူပြီး ပြန်သွားရင် ရပြီ .. ကျန်တာ ငါ့ကိစ္စ မင်းနဲ့ မဆိုင်ဘူး "
" အို .. ဘယ်လိုလုပ် မဆိုင်ရမှာလဲ .. ဒီ‌ကောင်လေးက မကြာခင်က ခေါ်ယူထားတဲ့ အစေခံရဲ့ သူငယ်ချင်းလေ .." Regis က မျက်ခုံးပင့်ကာ ပြောလိုက်သည် ။ Ruzel ဘာလိုချင်နေမှန်းမသိသော်လည်း သူက တားဆီးရမည်ဟု ခံစားရသည် ။ Ruzel ၏ မျက်ဝန်းထဲမှ ဒေါသများ ပေါက်ကွဲထွက်လာပြီး Regis အား ချက်ချင်း သတ်ပစ်ချင်သကဲ့သို့ ကြည့်လာသည် ။ အကြည့်ချင်း စစ်တိုက်နေသည့် လူနှစ်ယောက်ကြောင့် ကြားထဲမှ မီးပွားလေးများ ထွက်လာမလားဟုပင် ထင်မှတ်ရသည် ။