Arc.9.10
2K 328 45
Shun သည် အဖြူရောင်ရဲတိုက်ပေါ်မှတဆင့် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အား လှမ်းကြည့်လိုက်သည် ။ လွန်ခဲ့သည့်ရက်က Lande တိုင်းပြည်တွင်း ပုန်ကန်ထကြွမှု ဖြစ်ခဲ့ပြီး Loryard မိသားစုက နှိမ့်နှင်းဖို့ စေလွှတ်ခံခဲ့ရ၏ ။ သို့သော် လက်ရှိရောက်လာသည့် လုံးဝရှုံးနိမ့်ခဲ့သည့်ဆိုသည့် သတင်းကြောင့် Loryard မြို့တစ်ခုလုံး၏ လေထုက တင်းကြပ်နေခဲ့သည်။
သူသည် မြို့အရှင်နဲ့တွေ့ရန် လာခဲ့သော်လည်း ထိုသူမှာ တော်ဝင်နန်းတော်တွင် အကျဉ်းချခံထားရသည့်အပြင် Loryard မိသားစု၏ ပိုင်ဆိုင်မှုများမှာလဲ တဖြည်းဖြည်း ဝါးမျိုခံလာရသည်။ 
" သခင်လေး Shun .. အိမ်တော်ထိန်း Genl က ခေါ်ခိုင်းလိုက်လို့ပါ .." အစေခံနောက်သို့ ‌လိုက်လာရင်း Shun က သက်ပြင်းခပ်ဖွဖွချလိုက်ကာ " မင်းတို့ သခင်လေး အဆင်ပြေရဲ့လား .."
" Ruff Sama .. က ပြန်မလာသေးပါဘူး " အစေခံ၏ ဖြေကြားမှုကြောင့် Shun က ခေါင်းယမ်းလိုက်ပြီး " Ruzel ကို ပြောတာ .."
အစေခံ၏ အမှုအရာက တစ်မျိုးဖြစ်သွားခဲ့ပြီး ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ ။ အိမ်တော်ထိန်း Genl ဆိုသူထံသို့ ရောက်သည်အထိ တိတ်ဆိတ်လျက်သာ ။ Shun က သူ့ရှေ့က လူအိုကြီးအား ခေါင်းတချက်ညိတ်လျက် နူတ်ဆက်လိုက်သည် ။ ဒီလူက သူ့အား ဖိတ်ခေါ်ခဲ့သည့် လူအိုကြီးပင် ။ ရက်အနည်းငယ်အတွင်း လူအိုကြီးမှာ ပိုလို့ပင် ရုပ်ရင့်လာသည်ကို တွေ့လိုက်ရ၏ ။ ဒီအတောအတွင်း ဘယ်လောက်တောင် စိတ်ညစ်စရာ‌တွေ ကြုံတွေ့နေရသလဲ ဆိုသည့် သက်သေပင် ။
" သခင်လေး Shun .. မင်းက ထူးခြားတဲ့သူဆိုတာ ဒီလူအိုကြီး သိပါတယ် .. အရင်က အနှောက်အယှက်ပေးမိတဲ့အတွက်လည်း အနူးအညွှတ်တောင်းပန်ပါတယ် .. "
Shun က လက်ကာပြလိုက်ရင်း " Shun လို့ဘဲ ခေါ်ရင်ရပါပြီ .. ပြောစရာရှိတာ ပြောပါ .." သူ့စကားဆုံးသည်နဲ့ လူအိုကြီးက ဒူးထောက်ချလိုက်သည်ကို တွေ့လိုက်ရသဖြင့် ထခုန်လုမတတ်ဖြစ်သွားခဲ့သည် ။ ' အေးအေးဆေးဆေး ပြောစမ်းပါဟ ..'
" မျက်နှာပြောင်စွာနဲ့ဘဲ တောင်းဆိုပါတယ် .. Ruzel Sama ကို စောင့်ရှောက်ပေးပါ .."