Arc.9.11
1.7K 302 15
နောက်တစ်နေ့တွင် Ruzel သည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကုန်ကျမှုများအား Loryard မိသားစု နာမည်ဖြင့် ပေးချေရန် စီစဉ်ခဲ့ပြီး ယခင်အသိမ်းခံလိုက်ရသည့် ပိုင်ဆိုင်မှုနဲ့ လယ်မြေများထက် ပိုများသည့် ပိုင်ဆိုင်မှုများကို လျော်ကြေးအဖြစ်ပေးချေရန် ဆန္ဒပြုခဲ့သည် ။
သူ့ဆုံးဖြတ်ချက်များက အထက်လူကြီးများအား အနည်းငယ်ကျေနပ်သွားစေခဲ့သော်လည်း တင်းခံနေကြတုန်းဖြစ်ကာ Ruzel သည် သူ၏ မျက်ခုံးများကို ပြင်းပြင်းထန်ထန်တွန့်ချိုးနေရုံသာ တတ်နိုင်ခဲ့သည်။
Shun သည် သူ့အား အပြစ်ပေးဖို့ပင် မအားလပ်နေသည့် ချစ်ရသူလေးအား ကြည့်နေရာမှ " Loryard မိသားစုက တကယ့်မိသားစုကြီးပါလား.. သူ့ဂုဏ်သတင်းနဲ့တင် များပြားလှတဲ့ လက်ပါးစေတွေ‌တင်မကဘဲ စစ်တပ်ကြီးတစ်ခုလုံးကိုပါ ဖွဲ့စည်းထားနိုင်တယ် .. အရမ်းမိုက်တယ် !.."
သေလောက်အောင် အားကျ‌နေသလိုမျိုး စကားလုံးများပြောနေသော်လည်း အမှုအရာမှာ လုံးဝသောက်ဂရုစိုက်နေပုံမရနေသည့် Shun ကြောင့် စုဝေးနေသည့် လူများ တံတွေးထသီးတော့သည် ။
"...." မျက်နှာမှာလုံးဝပေါ်နေတယ်လေ .. ဘာလို့လိမ်နေတာတုန်း?
" စစ်တပ် ! " Ruzel ၏ အမှုအရာက လေးနက်သွားပြီး ကူကယ်ရာမဲ့လာ၏ ။ သူသည် ဒီကိစ္စကို လုံးဝကိုင်တွယ်နိုင်စွမ်းမရှိဟု သူ့ကိုယ်သူ သိနေသည် ။ သူ့အကြည့်က Shun ထံသို့ရောက်သွားချိန် တဖက်လူက သူ့အား ကြည့်လျက် ပြုံးပြလာသည် ။
ကိုယ့်ကို အကူအညီတောင်းလေ!
ကိုယ့်ကို အကူအညီတောင်းလေ!
ကိုယ့်ကို အကူအညီတောင်းလေ!
" ဦးလေး Genl .. အရှင်က အကျဉ်းထောင်မှာ တကယ်ရှိမရှိ အတည်ပြုဖို့ လူတချို့လွှတ်ပေးပါ .. ပြီးတော့ အစ်ကို့ ကို ဆက်သွယ်ဖို့ရော .. " သတင်းကြားစအချိန်က လူတိုင်းပြာယာခတ်သွားသောကြောင့် အစီအစဉ်တကျတွေးနိုင်ခြင်းမရှိခဲ့ကြချေ ။ တဖက်က ပြောသမျှကိုသာ အဟုတ်ဟုမှတ်ယူခဲ့ကြခြင်း ။
Ruzel က Genl အား အမိန့်ပေးပြီးနောက် လုပ်စရာရှိသည်များ ပြင်ဆင်ရန် ထွက်ခွာသွားခဲ့သည် ။ သူသည် Shun က သေချာပေါက် ကူညီနိုင်မည်မဟုတ်ဟု တွေးထားသည့်အမှုအရာက အထင်းသားပင် ။ ဒါ့အပြင် သူက ဘယ်တော့မှ အပြင်လူတစ်ယောက်အား အကူအညီတောင်းမည်မဟုတ်ပေ ။