Arc.9.13
1.7K 298 25
Ruzel ထွက်လာချင်းချင်း အစီအစဉ်တကျရှိနေသည့် စစ်သည်များက စစ်ပွဲအတွက် အသင့်ရှိနေကြောင့် ဖော်ပြနေလျက်။ Ruzel က မျက်ဝန်းများကို အသာမှိတ်လိုက်သည် ။ ရင်ဆိုင်ရမည့်အရာက ရောက်လာပြီပင် ။ သူက လက်ဝှေ့ယမ်းလိုက်ပြီး " နောက်ဆုတ်နေ .."
စစ်သည်များ မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင် မြို့တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားခဲ့ပြီး ဂုဏ်သရေရှိစွာ ဝတ်စားထားသည့် အမျိုးသမီးတစ်ယောက်သည် အစောင့်လေးယောက်အား ခြံရံလျက် တစ်လှမ်းချင်းလျှောက်ဝင်လာခဲ့သည် ။ ရင်ဘတ်ပေါ်က ဓားနှစ်ချောင်းယှက်ထားသည့် ပုံထွင်းထားသည့် တံဆိပ်အရ သူမသည် တော်ဝင်မိသားစုမှ လွတ်လိုက်သည့် သံတမန်ဖြစ်ကြောင်း ပြနေ၏ ။
သူမ၏ ခြေလှမ်းများက Ruzel အရှေ့တွင် ရပ်သွားခဲ့ပြီး ဂရုမစိုက်စွာ ပြုံးလိုက်သည်ကို တွေ့လိုက်ရသည် ။ သူမရဲ့ လက်ဖဝါးကို ဖြန့်လိုက်ပြီး Spell အား ရွတ်ဆိုလိုက်ချိန်တွင် စာလိပ်တစ်လိပ်က သူမလက်ထဲရောက်လာခဲ့သည် ။ သူမက စာလိပ်အား မဖြည်သေးဘဲ Ruzel အား ကြည့်လိုက်သည်။
Ruzel သည် ပထမတန်းစားမိသားစုမှ သခင်လေးဖြစ်ကာ ဘုရင်နဲ့ အချို့အကြီးအကဲများမှ လွဲ၍ ဒူးထောက် အရိုအသေပေးစရာမလိုဘဲ ရင်ဘက်ပေါ်တွင် လက်တင်လျက် ခေါင်းငုံ့အရိုအသေပေးရုံသာ ။ သံတမန်တစ်ယောက် ယူလာသည့် တော်ဝင်အမိန့်တစ်ခုက သူ့အား ဒူးထောက်စေဖို့ မခိုင်းစေနိုင်ပေ ။ တော်ဝင်အမိန့်မို့ အရိုအသေပေးရုံသာ ။
Ruzel က ဝင်ပြောရန်ပြင်နေသည့် Genl အား လက်ဆန့်ကာ တားဆီးလိုက်ပြီး ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ညာလက်အား ဘယ်ဘက်ရင်ဘတ်‌ပေါ်သို့ လက်တင်ကာ ခေါင်းငုံ့လိုက်သည် ။ Ruzel ထံမှ မခံမရပ်နိုင်ဖြစ်နေသည့် အမှုအရာအား မြင်ချင်နေသည့် သံတမန်အမျိုးသမီး၏ မျက်နှာက အနည်းငယ်ပျက်သွားသည် ။ သူတို့က အဆင့်အတန်းခွဲခြားလွန်းသည့် Ruzel အကြောင်းမသိတာ မဟုတ်ပေ ။ သိသောကြောင့်ပင် တမင် အမျိုးသမီးတစ်ယောက်ကို လွတ်ပြီး ဒီလိုပြုမှုစေတာဖြစ်သည် ။ အဓိကကတော့ Ruzel အား ထိန်းချုပ်မှုလွတ်ကာ ပြဿနာရှာစေချင်တာဖြစ်သည် ။ သို့မှသာ သူတို့က အခြေအနေအား အလွယ်တကူ ကိုင်တွယ်နိုင်မည်ဖြစ်သည် ။