Arc.9.20
1.5K 282 16
Real World
" ကောင်းတယ် .. သူ့ဦးနှောက်လှိုင်းတွေ ရှုပ်ထွေးနေပြီ .. အဲ့အခြေအနေမှာဘဲ ရပ်နေအောင်လုပ်လိုက် .. မြန်မြန် "
" သခင်ကြီး .. ပါမောက္ခရှန်းက သူ့ code တွေကို ဖျောက်ထားပါတယ် .. " အဖွဲ့ခေါင်းဆောင်သည် အခြေအနေအား တင်ပြနေရင်း ‌လက်ထိပ်ဖျားများပင် တုန်ယင်လာပြီး နဖူးမှချွေးများ ထွက်လာခဲ့သည် ။ သူ့စကားဆုံးသည်နှင့် အရှေ့တွင် ထိုင်နေသည့် လူ၏ မျက်နှာသည် အေးစက်လာသည် ။
ထိုအကြည့်အောက်တွင် အဖွဲ့ခေါင်းဆောင်၏ ခြေထောက်များမှာ မခိုင်တော့ဘဲ ဒူးထောက်လိုက်ကာ နဖူးနဲ့ ကြမ်းပြင်အား ထိသည်အထိ ဒူးထောက်လိုက်သည် ။ " စစ်ဆေးချက်အရ သူ့ရဲ့ ကိုယ်ပိုင်စနစ်ကတောင် မစစ်ဆေးနိုင်အောင် လုပ်ထားတာပါ ပြီးတော့ လုံခြုံရေးစနစ်က မြင့်လွန်း ..."
ဘုန်း!!
အဖွဲ့ခေါင်းဆောင်၏ ကိုယ်သည် ကန်ချက်ကြောင့် လွင့်ထွက်သွားကာ သတ္တုနံရံအား ရိုက်မိသွားပြီး ပါးစမ်မှ သွေးတစ်လုပ်အန်လိုက်ရသည် ။ ကြမ်းပြင်ပေါ်သို့ ဝမ်းလျားမောက်ပြုတ်ကျသည့်တိုင် အဖွဲ့ခေါင်းဆောင်သည် ထိုင်နေသည့် သူထံသို့ တွားသွားကာ တောင်းပန်ရန်ပြင်‌နေဆဲ ။
" ပုံရိပ်ယောင်ထဲ ပိတ်မိနေတဲ့အပြင် ဦးနှောက်တစ်ခုလုံး ပျက်စီးခါနီး ဖြစ်နေတဲ့ သူကိုတောင် ဘာမှမလုပ်နိုင်ဘူး .. " အတက်အကျမရှိသည့် လေသံကြောင့် လူတိုင်း တုန်လှုပ်သွားကြသည် ။
" အချိန်နည်းနည်းဘဲပေးပါ .. အခြေအနေသိနိုင်အောင် လုပ်ပေးပါမယ် .. လုပ်ပေးပါ့မယ် " ကတုန်ကယင်စကားများ နဲ့အတူ ခြေထောက်နားသို့ ရောက်လာသည့် အဖွဲ့ခေါင်းဆောင်၏ ခေါင်းထက်သို့ ခြေထောက်တင်လိုက်သည် ။
" အချိန်ဘယ်လောက်လိုချင်နေသေးတာလဲ .. မင်းရဲ့ အသုံးမကျတဲ့အခြေအနေနဲ့ ဘာများဖြစ်မြောက်အောင် လုပ်နိုင်မှာမို့လို့လဲ "
" ခန္ဓာကိုယ် .. ပါမောက္ခရှန်းရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို စမ်းသပ်ခွင့်ပြုရင် လုံးဝမကျရှုံးစေရပါဘူး " အဖွဲ့ခေါင်းဆောင်သည် ဦးခေါင်းမှလာသည့်နာကျင်မှုအကြားထဲမှနေပြီး စကားလုံးများ ဖျစ်ညစ်ပြောလိုက်သည် ။ အခွင့်အရေးရလိုရငြား ပြောလိုက်သည့် စကားလုံးများက ပိုဆိုးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ ။ တင်ထားသည့် ခြေထောက်သည် ပြင်းထန်သည့် အားဖြင့် ဖိကျလာသည် ။ တဖက်လူသည် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး