Arc.9.25
1.3K 230 12
Dungeon အတွင်းသို့ ဝင်လာသည့် Ruzel နဲ့ Shun သည် အလျှင်လိုခြင်း အလျင်းမရှိချေ ။ သူတို့က ပတ်ဝန်းကျင်ကို အသာလေ့လာရင်းဖြင့်သာ လျှောက်လာကြသည် ။ ဒီလို  မှော်သတ္တုတွင်းမျိုးက ဘဝတိုင်း တွေ့ ‌နိုင်မှာ မဟုတ်ဘူး‌လေ။
Ruzel သည် နံရံအား ဓားမြောင်ဖြင့် စိုက်လိုက်ရာ ကျယ်လောင်သည့် ပွတ်တိုက်သံ ထွက်လာပြီး မီးပွားလေးများ လွင့်လာသည် ။ သူက ခြစ်ရာပင် မထင်သည့် နံရံသားအား ကြည့်ရင်း ခေါင်းညိတ်လိုက်သည် ။ " တော်တော်လေး ကောင်းတာဘဲ .. "
တိုင်းပြည်တော်တော်များများက သူတို့ပိုင်ဆိုင်သည့် Dungeon အတွင်းက သားရဲနဲ့ သတ္တုများကိုသာ ဂရုစိုက်ကြတာဖြစ်သည် ။ အတွင်းထဲမှ အရာအားလုံး ကုန်သွားသည်နှင် နောက်တစ်ခါလှည့်ကြည့်မည်မဟုတ်ဘဲ စွန့်ပစ်လိုက်ကြသည် ။ သူသာဆိုလျှင် ဒီမာကျောသည့် သတ္တုအား ချပ်ဝပ်တန်ဆာ အပြည့်အစုံ လုပ်ပစ်လိုက်ပြီး သူ့စစ်သားများအား တပ်ဆင်ပေးလိုက်မှာ ဖြစ်သည် ။
" တကယ်တော့ .. သူတို့ မလုပ်ချင်တာ မဟုတ်ဘူး .. မလုပ်နိုင်တာ ။ ဒီသတ္တုတွေက မာလွန်းလို့ သာမန်ပန်းပဲသမားက လက်နက်လုပ်ဖို့ မပြောနဲ့ အရည်ပျော်ဖို့တောင် တတ်နိုင်တာမဟုတ်ဘူး။ "
Shun ၏ စကားလုံးများ ကြားပြီးနောက် Ruzel က ထောက်ခံသည့်ဟန် ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည် ။
" ရုတ်တရက်ကြီး ဒီအရှင်သခင်က မင်းရဲ့ နှလုံးသားကို ဘယ်လိုလုပ် အရည်ပျော်အောင် လုပ်နိုင်ခဲ့တာလဲ သိချင်သွားတယ် " Ruzel က အဆက်အစပ်မရှိ ထပြောလိုက်သည် ။ ပြုံးစစဖြင့် အနည်းငယ်ပျင်းရိနေပုံ ပေါက်နေသည့် Shun အား ကြည့်လိုက်သည် ။
နံရံအား ပျင်းတိပျင်းရွဲ့ မှီထားသည့် Shun က မျက်တောက်နှစ်ချက်ခတ်လိုက်ပြီး Ruzel နှင့် အကြည့်ချင်းဆုံလိုက်သည် ။
Shun : "..."
ငါ့အလှလေးဆီက Play boy ရဲ့ လက္ခဏာ‌တွေ တွေ့နေရတယ် ။
Shun ၏ အူကြောင်ကြားပုံစံကြောင့် Ruzel က ဖွဖွလေးပြုံးလိုက်ပြီး ခေါင်းအသာယမ်းလိုက်သည် ။ နဖူးလေးအား လက်ဖြင့် ' ဖတ် ' ခနဲ မြည်အောင် အသာရိုက်လိုက်ပြီး " ငပျင်း‌ပုံ‌ပေါက်နေလို့ နောက်လိုက်တာလေ .. အဲ့လောက် အံ့ဩသွားရလား "