A Marriage 1

8.7K 276 1
                                    

2002

အခြေခံလူတန်းစားများ နေထိုင်သော အိမ်ယာငယ်များသည် တရုတ်နိုင်ငံတွက် မှိုလိုပေါသည်။ကမ္ဘာ့အဆင့်မှီ နိုင်ငံတစ်ခုဖြစ်သော်လည်း မဖွံဖြိုးသော ရှန့်ပုံမြို့သည် ဝေးလံခေါင်ပါးသောမြို့ငယ်လေးဖြစ်သည့်အပြင် အသိမကြွယ် ပညာတက်ရှားသော လူတန်းစားများနှင့်သာ ပြည့်နှက်နေ၏။ပညာတက်ဘွဲ့ရဆိုတာ ရှန့်ပုံမြို့လေးအတွက် အထူးရှားပါးသော လူတန်းစာတစ်ရပ်ဖြစ်သည်။

လက်လုပ်လက်စားများနှင့်သာ ကျင်လည်နေသော မြို့သည့်အတွက် အလုပ်အကိုင်က ထင်သလိုမရှားပါး။သို့ပေသိ မနက်ခုနစ်နာရီကနေ ညနေငါးနာရီအထိ တစ်နေကုန် အလုပ်လုပ်မှ ယွမ်အနည်းငယ်သာ ရ၏။လုပ်ရတာနဲ့မတန်အောင် အလုပ်ရှင်များ၏ ဆူငေါက်
သည့်ဒဏ်၊နှိမ်သည့်ဒဏ်များကို ခါးစည်း
ခံရသေးသည်။ထို့အပြင် ရတဲ့ တစ်နေ့ဝင်ငွေအချို့ဟာလည်း မိသားစု၏စားအိုးကို မနိုင်။ထို့ကြောင့်လည်း ကြွယ်ဝချမ်းသာသူနည်းပါးပြီး တစ်နေ့လုပ်မှ တစ်နေ့စားသမားများသာ များ၏။

အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများတဲ့
မြို့ကြီးပြကြီးတွေက ကြီးပွားချမ်းသာပြီး စီးပွားရေး၊လူမှုရေး အဘက်ဘ​က်က နိမ့်ပါးနေတဲ့ ရှန့်ပုံမြို့ကလေးကတော့ ရွာငယ်သာသာ။

' ကျောင်းနေပျော်မှ စာတော်မည် '
စာသင်ကျောင်းတိုင်း၏ နံရံများတွင်ကပ်ထားသော ဆောင်ပုဒ်တစ်ခုဖြစ်သည်။

သို့သော် ရှန့်ပုံမြို့ငယ်လေးအတွက် မဟုတ်ခဲ့။တစ်နေ့စာ စားဝတ်နေရေးကို မနည်းဖြေရှင်းနေရတဲ့ လူတန်းစာအလွှာမလို့ ကလေးငယ်များကိုလည်း ကျောင်းများမထားနိုင်ကြ။ကလေးငယ်များကလည်း ကျောင်းနေဖို့အရေးအထပ် ဒီနေ့ထမင်းစားရဖို့အရေးကိုသာ စိတ်ဝင်စားကြသည်။အပေါင်း၊အနုတ်၊အမြှောက်၊အစားကို တွက်ချက်သည်
ထပ် ဘာအလုပ်ကဝင်ငွေပိုရမလဲဆိုတာကိုပဲ သူတို့တွေးတောနိုင်ကြသည်။မိဘများက ပညာရေးကို အားမပေးသည့်တိုင် သားသမီးများက ပညာရေးဆိုတာ ပိုက်ဆံလောက်အရေးမပါဟု မှတ်ယူထားကြသူများ ဖြစ်သည်။

တစ်ဆယ်စွန်းစွန်းကလေးငယ်များသည် မိသားစုစားဝတ်နေရေးကို တစ်နိုင်တစ်ပိုင် တာဝန်ယူထားရသော်လည်း သူတို့သည် ကလေးငယ်များသာ ဖြစ်သည်။မနက်ခင်းမှစ၍ အလုပ်နဲ့လက်နဲ့ဆက်အောင် မနားမနေလုပ်ရသော လူကြီးများပင်လျှင် ညနေခင်းဆို လက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိသည်။လက်ဖက်ရည်ကြိုက်သူက လက်ဖက်ရည်ဆိုင်ထိုင်သလို အရက်ကြိုက်သူများက အရက်ဆိုင်တွင် ဝိုင်းဖွဲ့ကာ တစ်နေ့တာပင်ပန်းမှုများကိုဖြေဖျောက်ကြ၏။ကလေးငယ်များကတော့ ညနေခင်းပုစွန်ဆီရောင်သမ်းချိန် လယ်ကွင်းများအကြား စွန်လွှတ်ပြေးလွှားကစားကြလေ့ရှိသည်။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now