A Marriage13

1.9K 200 2
                                    

" ရိပေါ် မင်းကို စီနီယာရှောင်းကျန့် အောက်မှာစောင့်နေတယ်။အရေးကြီးတဲ့ပုံပဲ။သွားတွေ့လိုက်ဦး "

" အင်း "

ဆွဲလက်စအင်ဂျင်ပုံကို ရပ်ပြီး အောက်ထပ်ဆင်းရသည်။သူအစောပိုင်းကမှ အလုပ်ကပြန်လာတာ။ရည်းစားစဖြစ်တဲ့ရက်ဆိုလို့ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွင်နဲ့ ချိန်းတွေ့ရမယ် မထင်နဲ့ တစ်မနက်လုံး ချစ်သည်းငိုနေတာကို ချော့နေရတာ။

' မောင် မင်းငါ့ကိုလေ ဟိုတစ်နေ့က ခင်ဗျားကို စိတ်မဝင်စားဘူးလို့ ငြင်းတော့ ငါဘယ်လောက်ဝမ်းနည်းသွားတယ် ထင်လဲ '

' မောင် မှားသွားပါတယ် '

' မောင် အဲ့ဒီယွီဖေဆိုတဲ့ မိန်းမကို မင်းတကယ်သဘောကျတာလား။ပြောစမ်း အဲ့ဒီမိန်းမက ဘယ်နေရာကလှနေလို့လဲ '

' မောင် တောင်းပန်ပါတယ် '

' မင်းငါ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား '

' အင်း '

နေ့လည်ပိုင်းကျ သူက အတန်းအပျက်ပြီး အလုပ်သွားရပေမဲ့ ချစ်သည်းကတော့ သူ့ဒယ်ဒီအခေါ်တော်လွှတ်လို့ဆိုပြီး ကျောင်းဆင်းကတည်းက ပျောက်ချက်သားကောင်းနေတာ ဖြစ်သည်။အခုညပိုင်းမှ ရောက်ချလာတာဆိုတော့ ကိစ္စရှိနေလို့လား မပြောတက်။

အဆောင်က ညရှစိနာရီအထိ ဧည့်တွေ့လက်ခံတာမလို့ ဧည့်ခန်းအဆောင်မှာ လူတစ်ချို့နဲ့ ရှုပ်ယှက်ခတ်နေသည်။လူအများနဲ့ကွဲထွက်စွာ Laggage တစ်လုံးကို ဘေးချပြီး တစ်ယောက်ထိုင်ဆိုဖာလေးအပေါ် ခပ်ကျုံ့ကျုံ့ထိုင်နေတဲ့ ချစ်သည်းငယ်။

ချစ်သည်းက သူ့ထပ် အရပ်ပိုရှည်တာလွဲရင် ရင်အုပ်၊ကျောပြင်ကစပြီး ခြေချောင်းလက်ချောင်းလေးတွေက သေးသေးသွယ်သွယ်လေးတွေ။အခုလို ပုခုံးနှစ်ဖက်ကို ကိုင်းပြီး ထိုင်နေတော့ လူလေးက ပိုသေးသွားသယောင်ရှိသည်။

" မောင်! "

" အထုပ်အပိုးတွေဘာတွေနဲ့ပါလား။ဘယ်ကိုသွားမလို့လဲ "

" မောင်နဲ့ ခိုးပြေးမလို့လေ "

" ဟမ်? "

" ငါ့ဒယ်ဒီက ငါ့ကို နိုင်ငံခြားပို့ချင်နေတာ။ငါမသွားချင်ဘူး။ငါမောင်နဲ့ မခွဲနိုင်ဘူး။
အဲ့တာကြောင့် မောင်ငါ့ကို ခိုးပြေးမှရမယ် "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now