အဖြူရောင်တံခါးစ ဖွင့်သည်နှင့် လူနာစောင့် ထိုင်ခုံပေါ် စာအုပ်ဖတ်နေတဲ့ Nurse က ချစ်သည်းကို စာတွေဖတ်ပြနေသည်ထင် ကဗျာစာသားတစ်ချို့ရွတ်ဖတ်သံများကို ကြားရသည်။
နွမ်းလျနေတဲ့ ခန္ဓာကိုယ်လေးက အများကြီးမတုန့်ပြန်နိုင်သေးဘဲ အသက်မျှင်မျှင်ရှုရှိုက်သံလေးသည်သာ ပဲ့တင်ထပ်ရာ၏။ရိပေါ် ဝင်လာတာကိုသိနေသည့်တိုင် ချစ်သည်းက ရွတ်ဆိုနေတဲ့ကဗျာအပေါ် အာရုံမထားတော့
ပေ။ရိပေါ်ကို သူ့အနားလာစေချင်တဲ့ မျက်ဝန်းငယ်တွေနဲ့သာ ဖိတ်ခေါ်နေ၏။" ကျွန်တော်ရောက်ပြီဆိုတော့ အကိုထမင်းစားသွားနားလို့ရပြီဗျ "
" အဲ့ဒါဆို အကိုသွားပြီနော်! "
လက်ထဲက စာအုပ်ကို စင််ငယ်လေးပေါ် နေရာတကျထားနေတဲ့ Male Nurse က ရိပေါ်ကို ခေါင်းတစ်ချက်ငြိမ့်ပြပြီး တံခါးဝသို့ဦးတည်သည်။ချစ်သည်းရှိနေတဲ့အခန်းထဲမှာ
သူတို့ စကားများများစားစားမပြောကြပါ။ပါးစပ်စည်းစောင့််ကြသည်။အထူးသဖြင့် ချစ်သည်းရဲ့ ရောဂါအခြေနေရဲ့ ရလဒ်တွေ။ဆိုးရွားသည်ထပ် ဆိုးရွာလာတဲ့ ရလဒ်တွေကို
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်တွေရိုက်ချိုးခံထားရတဲ့အကြောင်း မပြောပြလို။" မောင် ~ "
တိုးညှင်းသော ခေါ်သံသည်ကား ချစ်သည်းရဲ့ပွင့်အံလာသော နှုတ်ခမ်းဝထံမှ ဖြစ်သည်။
" မောင် ကျောင်းကို ကိစ္စရှိလို့ခဏသွားတာ ချစ်သည်းရဲ့ "
ဝမ်ရိပေါ်ကို မျက်စိအောက်ကအပျောက်မခံတဲ့ ချစ်သည်းအကြောင်းသိနေတဲ့ ရိပေါ်က ဖြေရှင်းချက်ပေးလာတော့ ချစ်သည်းက အရင် မျက်နှာလွှဲသည်။မျက်ရည်စလေးတွေ သီနေတက်တဲ့မျက်ဝန်းငယ်တွေကို မြင်ယောင်မိတော့ ရိပေါ်သက်ပြင်းဖွဖွချမိ၏။
သူကိုယ်တိုင်က အလုပ်အပင်ပန်းခံလုပ်ပြီး ဝမ်ရိပေါ်ကိုထွန်းပေါက်စေချင်တဲ့ ချစ်သည်းက ကျောင်းကိုသွားရတဲ့ အကြောင်းအရင်းကို မေးလို့
ဖြေဆိုသူမဲ့နေလည်း သိနေမှာ အသေအချာပါပဲ။
![](https://img.wattpad.com/cover/311103350-288-k145402.jpg)