စီးပေ ကြက်ကြော်ဆိုင်" ရှောင်းကျန့် အချိုမှာရမလား အစပ်မှာရမလား "
" အဆင်ပြေတာမှာလိုက်! "
အန်ကျိုးဝေ ဆိုတာရှောင်းကျန့်ရဲ့ လက်ရှိရည်းစား။ကျိုးဝေနဲ့ ရှောင်းကျန့်က အတော်အဆင်ပြေသည်ဟု ပြောလို့ရသည်။ကျိုးဝေက သူတွေ့ဖူးတဲ့တစ်ခြားကောင်တွေလို မဟုတ်။ရှောင်းကျန့်မျက်နှာရိပ်မျက်နှာကဲကအစသိပြီး ဘာမှပြောစရာမလိုအောင် အလိုက်သိသူ။ဒီလက်ရှိအဆင်ပြေနေတဲ့ ယောကျ်ားကလွဲပြီး ကျန်တာ သူ့ခေါင်းထဲမရှိ။လက်ရှိ အဆင်ပြေနေတဲ့ လူကိုသာ သူတန်ဖိုးထားသည်။
" ညီလေး ကြက်အချိုတစ်ပွဲ၊အစပ်တစ်ပွဲ ပေးပါ "
" ဟုတ်ကဲ့ သာကော "
ခေတ်နဲ့အညီ ဝတ်တက်စားတက်တဲ့ အန်ကျိုးဝေက ရှောင်းကျန့်က အရပ်အနည်းငယ်ရှည်သည်။ပုံမှန် GYM ဆော့တဲ့ ခန္ဓာကိုယ်ထွားထွားက Boxing Club ကမှန်းသိသာ၏။သူ့လက်မောင်းကြီးတစ်ဖက်က ရှောင်းကျန့်ရဲ့ မျက်နှာထပ်ကို ပိုကြီးသည်။
" မင်းတို့ ဆိုင်က ဘယ်လိုတုန်းကွ!
ငါက ကြက်ကြော်အချိုမှာတာကို အစပ်လာချပေးတယ်။စားတော့လည်း အရသာက စပ်တာလွဲပီး ဘာမှလည်း မကောင်ဘူး! မင်းတို့ဆိုင်က ဟာကိုစားရတာ ငါအစာပျက်တယ်ကွ! "" သာကော အကိုကြီးမှာတာက ကြက်ကြော်အစပ်ပါ။ကျွန်တော် စာအုပ်မှာ သေချာမှတ်ထားတာဗျ! "
" ဘာ? ငါကလိမ်တယ်လို့ပြောချင်တာလား။မင်းလိုစားပွဲထိုးကအမှန် ငါ သူဋ္ဌေးက အမှားပေါ့ ဟုတ်လား "
တစ်ဖက်ဝိုင်းမှ အဆီရွဲရွဲ ဗိုက်ပူပူတရုတ်ကြီးနဲ့ တက္ကသိုလ်ကျောင်းသားအရွယ် ကောင်လေးတစ်ယောက် အငြင်းပွားနေပုံရသည်။ဘယ်ဖက်က အမှန်လား၊အမှားလားတော့ မသိပေမဲ့ Customer ဘက်က စကားလုံးတွေက တကယ့်ကိုရင်းသီး၏။အမှားနဲ့အမှန် မှာ သူဋ္ဌေးနဲ့ဆင်းရဲသားဆိုတာ မရှိ။လူလူခြင်းအတူတူကို အဆင့်အတန်းတွေ ခွဲခြားလွန်းတာ အိုဟောင်းလွန်းတဲ့ အတွေးအခေါ်တွေ ဖြစ်သည်။
" အဲ့ဒီကောင်လေးက ဝမ်ရိပေါ် မလား! "
" ခင်ဗျားအသိလား ကျိုးဝေ "
![](https://img.wattpad.com/cover/311103350-288-k145402.jpg)