A Marriage 14

1.8K 198 0
                                    


' ခွပ် '

အဖေ့၏ လက်သီးချက်သည် သူပထမအကြိမ် အထိုးခံရတုန်းလို ပြင်း၏။အသက်အရွယ်ရလာတာတောင် အခုထိ သန်မာနေဆဲ ဖြစ်တဲ့အဖေ့ကို ဂုဏ်ယူပေမဲ့ သူအထိုးခံရတာ တစ်ချက်မကတော့ သူ့မျက်နှာတစ်ခုလုံး ညိုပုတ်နေပြီ ဖြစ်သည်။

" မောင့်ကို မထိုးပါနဲ့တော့လို့။ကျွန်တော် အတင်းခိုးပြေးခိုင်းလို့ မောင်က ခိုးလာတာ။အဖေ ထိုးချင်ရင် ကျွန်တော့်ကိုပဲထိုး။ဘာလို့ ကျွန်တော့်ယောကျ်ားပူပူနွေးနွေးလေးကို အရမ်းနှိပ်စက်ရတာလဲ။မောင့်မျက်နှာလေးက ဘယ်လောက်တောင် နုလိုက်သလဲ။အဖေ လွန်တယ်! "

" ချစ်သည်း!  "

ဒေါသကြီးတဲ့အဖေက ဘယ်တုန်းကမှ စကားအရာမှမထက်။သူ့ချစ်သည်းကတော့ သာလိကာလေး။ ' မောင်...ငါကလေ ' ဆိုပြီး အစချီလိုက်တာနဲ့ တစ်နာရီနီးပါးဒီအကြောင်းချည်းပဲ ထပ်ချည်းတလဲလဲပြောနေတာမျိုး။အခုလည်း သူ့ယောကျ်ားကို ထိုးပါတယ် ဆိုပြီး အိမ်ဦးနတ်ဖခင်ကြီးကို ပြန်ခံပြောနေတာ။

မိဘဖြစ်နေလို့ ဆိုင်သာဆိုင်တာမပိုင်တော့ဘူး ဆိုတဲ့အချက်နဲ့ အဖေက သူ့သားမက်ပြောသမျှကို မျက်စိမျက်နှာပျက်ပျက်နဲ့ နားထောင်ရှာသည်။အမေကတော့ မျက်နှာမကောင်း။အဖေက စိတ်သာတိုနေတာ သူ့သားမက်ကို နည်းနည်းလေးမှ ထိတာမဟုတ်ဘူး။သူ့ကိုသာ လက်သီးတွေပြစ်ကြွေးနေတာ။​နယ်ကလူတွေက ခန္ဓာကိုယ်အထွားကြီးတွေဆိုတော့ အဖေက သူ့သားမက်ရဲ့အရပ်ရှည်ရှည် ဖြူဖြူသေးသေး ပုံစံလေးကို အားရပုံမပေါ်။

" ကျွန်တော် ယောကျ်ားပါ။အဖေ ထိုးသမျှ ခံနိုင်တယ်။မောင့်ကိုသာ ဆက်မထိုးနဲ့တော့.... ဟင့်...ဘာလို့ မောင့်ကိုပဲ ထိုးနေရတာလဲဆို...အဟင့်...ဟင့်...မောင်က ဘယ်လောက် လိမ္မာ...အင့်...လိမ္မာတဲ့သူလည်းလို့ "

" အယ်....ကောင်လေးရယ်...မငိုပါနဲ့ "

မနေနိုင်တော့တဲ့ မားကဝင်ချော့တော့ အဖေက မျက်ခုံးပင့်သည်။ကြည့်ရတာ...ဒီမိန်းမ အတော် အလိုက်ကမ်းဆိုး မသိပါလားပေါ့။

" မား သားကလေ...မားရဲ့သား မောင့်ကို တကယ်ချစ်တာပါ။မောင့်ကို ချစ်လွန်းလို့ ဒီလိုလုပ်မိလုပ်ရာ လုပ်လိုက်တာကို...အင့် "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now