A Marriage 17

1.9K 187 0
                                    

" ကျွန်တော်တို့ အိမ်ခွဲနေမလို့ အဖေ "

" အင်း "

" ဘာကို အင်းလဲ?  ခွဲမနေရပါဘူး။သားရယ် ဒီအမေက သားကိုမခွဲနိုင်တာကို။ဘာလဲ...ဟိုကောင်လေးက အိမ်ခွဲနေမယ်လို့ ပြောခိုင်းတာလား "

" ဗျာ ~ ကျွန်တော်မပြောရပါဘူး။မောင်က သူ့ဘာသာ အိမ်ခွဲနေမယ်ပြောတာပါ "

ဟုတ်တယ်။မောင်က အိမ်ခွဲနေမယ်ဆိုပြီး ပြောထားတာ သူတို့ဒီကိုစရောက်တဲ့နေ့က။ဒီနေ့ဆိုရင်ကို ရှန့်ပုံမြို့ကိုရောက်တာ တစ်ပတ်ပြည့်ပြီ။တစ်ပတ်အတွင်း မောင်ကမယ်မယ်ရရအလုပ်မရှိ။သူမောင့်အဆောင်ကို မလာခင်က ဒယ်ဒီဝယ်ပေးထားတဲ့ တန်ဆာအချို့နဲ့နာမည်ကြီး အကျီအချို့ရယ်၊ဖိနပ်အချို့ရယ်ကို ရောင်းလို့ ရလာတဲ့ငွေနဲ့ သုံးနေကြတာဖြစ်သည်။

ထမင်းဟင်းကို မောင့်မိဘတွေက ပုံမှန်ကျွေးပေမဲ့ ကိုယ်ကအားနာလာသည်။မောင့်မိဘတွေအနေနဲ့ကလည်း သူ့သားတစ်ယောက်ကိုပဲ ကျွေးရရင်ဘယ်မြင်ပါ့မလဲ။အခုကျ နှစ်​ယောက်ဖြစ်လာပြီ။
ပါလာတဲ့ ပိုက်ဆံဆိုတာကလည်း တတိတိနဲ့ ကုန်လာပြီ။အဓိက ရှောင်းကျန့်။မောင်က ဘာမှအသုံးမလိုပေမဲ့ ရှောင်းကျန့်ကသာ ဟိုဟာဝယ်လိုက် ဒီဟာဝယ်လိုက်နဲ့ ငွေဖြုန်းနေမိတာ။

ရောက်နေတဲ့ တစ်ပတ်အတွင်း ဒီမြို့လေးကို လေ့လာကြည့်တော့ ရှန့်ပုံက မြို့သာပြောတယ် ရွာငယ်သာသာလေး။ရှန့်ပုံနဲ့ နာရီဝက် ဘတ်စ်ကားစီးရတဲ့ ရှင်းချွမ်မြို့ကတော့ သူ့ဟာနဲ့သူ အနည်းငယ် ဖွံ့ဖြိုးသည်။

အခုဆို ရှောင်းကျန့်ကရှင်းချွမ်မြို့မှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ Art & Design ဘက်မှာအလုပ်ရထားသည်။ဒီလိုမြို့နယ်လေးမှာ ဒီဘွဲ့ထားတဲ့သူ ရှားတာမလို့ အလုပ်သင်မဟုတ်ဘဲ အမြဲတမ်းအလုပ်သမား အဖြစ် ခန့်ထားတာဖြစ်သည်။အလုပ်သွားဖို့က ဘတ်စ်ကားက နာရီဝက် စီးရတာကြောင့် သူကစောတော့ထမှ ဖြစ်မည်။သွားသွားပြန်ပြန်လုပ်ရလို့ ပင်ပန်းနိုင်ပေမဲ့ ရထားတဲ့ လခက မဆိုးဘူးလို့ပြောလို့ရသည်။အနည်းဆုံးတော့ အလုပ်ကြမ်းမလုပ်ရတော့ဘူးပေါ့။

မောင်ကတော့ အခုထိအလုပ်ရှာမရသေး။တကယ်ဆို ရှောင်းကျန့် မောင့်ကို အလုပ်မလုပ်စေချင်ပါ။မောင်ကျောင်းဆက်တက်ဖို့ သူမောင့်ကို သေချာနားချရဦးမည်။သူအလုပ်လုပ်မယ်ဆိုတာကလည်း မောင့်အတွက်ပဲ။မောင်က ငယ်သေးသည်။လူပျိုဘဝရဲ့ပျော်ရမဲ့အချိန်တွေကို သူ့ထံအပ်နှံလိုက်ကတည်းက မောင့်ဘဝတစ်ခုလုံးကို တာဝန်ယူပေးရမဲ့တာဝန် သူ့မှာရှိသည်။လက်ထပ်ပြီးတာတောင် မောင့်မိဘစီက လက်ဖြန့်တောင်းနေရရင် သိပ်တော့ မဟုတ်​သေး။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now